spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

တပူးထို ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီ နဲ့ PNO တို့ ထပ်မံ မီးရှို့ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက တပူးထိုကျေးရွာရဲ့ လူထုနေအိမ်တွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တို့က ထပ်မံမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဆီက နေသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ထပ်မံမီးရှို့ခဲ့ပြီး ပျက်စီးမှု စာရင်းအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တပူးထို ရွာနေအိမ်ရှို့တာတော့ အရင်တခေါက်က ၆လုံးပေါ့နော်။ နောက်တခေါက်ရှို့တာကတော့ ဘယ်နှစ်လုံးလဲဆိုတာ ကျနော်တို့ အတိအကျ စာရင်းရဖို့ လုပ်ဆောင်နေတုန်းပဲပေါ့နော်။ အဲ့ဒီမှာက စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO ကတပ်စွဲထားတော့ ကျေးရွာထဲမှာ ဒုတိယအကြိမ် မီးရှို့တာက ဘယ်နှစ်လုံးလောင်သွားလဲဆိုတာတော့ ပြောဖို့ ခက်ခဲသေးတာပေါ့နော်။”လို့ ခွန်းရိန်းယံ ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO တို့က လူထုနေအိမ်တွေကို ပထမအကြိမ် မီးရှို့ခဲ့သလို ဇွန်လ ၂၃ ရက်နေ့မှာ ထပ်မံ မီးရှို့နေတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာလည်း အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ဖယ်ခုံမြို့နယ်အတွင်းက ဆောင်နန်းခဲ ကျေးရွာကို PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်စီးခဲ့ပြီး နေအိမ် တစ်ဝက်ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

တပူးထိုကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီနဲ့ PNO တို့ ၄ လကြာ တပ်စွဲ နေရာယူထားတဲ့ ကျေးရွာဖြစ်သလို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က‌ ကျေးရွာအတွင်းကနေ ထွက်ခွာဖို့ မောင်းထုတ်ခံရတဲ့ ကျေးရွာတွေထဲက တစ်ရွာ အပါအဝင် ဖြစ်ပါတယ်။

spot_img

Recent posts