spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

တပ်သားသစ်စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့ အတူ KNDF တပ်ရင်း (၃၄) ထံ ခိုလှုံလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၃၄) ထံ လက်နက်နဲ့ အတူ ခိုလှုံလာခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံရကြောင်းနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် တပ်ရင်းထံ အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲ့ဒီတပ်သားက ပဲခူးတိုင်းဒေသကြီး အမှတ်(၁) ခြေလျင်တပ်ရင်းကပေါ့။ အသက် ၂၈ အရွယ် တပ်သားပေါ့။ ကျနော်တို့ဆီကို မြေပြင်ထိ လာရောက်ချိတ်ဆက်ခဲ့တာပေါ့နော။ အဓိက က စစ်ကောင်စီဖက်မှာ မနေချင်တော့လို့ ကူးပြောင်းလာတယ်လို့ ပြောတယ်။”လို့ KNDF တပ်ရင်း ( ၃၄ ) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ ခိုလှုံလာသူ တပ်သားဟာ ကိုယ်ပိုင်နံပါတ် ပစ- …… ကိုင်ဆောင်ထားသူ မောင်နေဇော် ဖြစ်ပြီး MA 1 တစ်လက်၊ ကျည် ၁၂၂တောင့်၊ ကျည်ဘောက် ၃ ဘောက်၊ ၁၄မိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး ကို ယူဆောင်လာတာဖြစ်ပါတယ်။

KNDF တပ်ရင်း ( ၃၄ ) ဟာ လွိုင်ကော်မြို့နယ် နဲ့ ရှမ်း – ကရင်နီ နယ်စပ် တွေမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ကြဖို့ နဲ့ အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts