spot_img
Saturday, April 1, 2023
spot_img

တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၆၀၀ကျော် ထပ်မံတိမ်းရှောင်နေရ၊ အရေးပေါ်အကူအညီများ လိုအပ်နေ

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် – ဘောလခဲမြို့နယ်ကြားက တိုက်ပွဲကြောင့် နန်းဖဲကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒေသခံပြည်သူ ၂၆၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

“အခြေခံလိုအပ်ချက်ကအစ သူတို့လိုအပ်ရင်လိုအပ်လိမ့်မယ်ပေါ့နော အဓိကကတော့ အခုက မိုးရာသီဆိုတော့ မိုးလုံခြုံဖို့ မိုးကာတော့အဓိက လိုအပ်တာပေါ့။ တချို့တွေ တစ်ထည် နှစ်ထည်လောက် ပါသွားပေမယ့် မိုးအရမ်းကြီးတဲ့အခါ သူတို့မိသားစုအတွက် မလုံလောက်တာမျိုးလည်း ရှိမယ်ပေါ့နော။ အဓိကကတော့ မိုးကာပေါ့ ။ နောက်တစ်ခုက စားနပ်ရိက္ခာပေါ့ တချို့တွေ နည်းနည်းပါးပါးယူသွားတာရှိမယ်။ ရေရှည်ဆိုရင်တော့ စားနပ်ရိက္ခာက အဓိက လိုအပ်တာပေါ့။” လို့ စစ်ရှောင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ် – ဘောလခဲမြို့နယ် ကြားက နန်းဖဲကျေးရွာနဲ့ ကလိလျားကျေးရွာအကြားမှာ ကရင်နီတပ်မတော် (KA)နဲ့ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းမှာ နာရီဝက်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအထိ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာကြောင့် အနီးအနားကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၁၉)ရက်နေ့မှာလည်း စစ်ကောင်စီဖက်မှ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့သလို ကျေးရွာအတွင်းဝင်ရောက်ပြီးတော့ ဒေသခံအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး ပြည်သူ့နေအိမ်ကိုလည်း ဖောက်ထွင်းမွှေနှောက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် နန်းဖဲ၊ ဒေါစဲခူ၊ ကလောဒူ၊ ကလိလျား၊ ပလဲလယ်၊ ပလိုဒေးခို၊ နန်းခွီးခို စတဲ့ကျေးရွာမှ ဒေသခံပြည်သူ ၂၆၂၉ ဦးခန့် စစ်ရှောင်နေကြရသလို ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

“အခုကခြင်ထောင်လည်းလိုမယ်။ ခြင်ဆေးခွေ မိုးကာလည်းလိုတယ်။ ဆေးဝါးပေါ့ တောမှာသွားနေတော့ ခြင်တွေ၊ ဖြုတ်တွေကိုက်တော့ တုပ်ကွေးတွေဖြစ်မှာစိုးလို့ အဲဒါကြောက်ရတယ် ကလေးသူငယ်တွေအတွက်။” လို့ စစ်ရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူအတွက် မိုးကာ၊ ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား၊ တာရှည်ခံထားနိုင်တဲ့ ရိက္ခာခြောက်၊ ခြင်ထောင်၊ ခြင်ဆေးခွေ၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း၊ လသားငယ်အသုံးအဆောင်ပစ္စည်း၊ သောက်သုံးရေ သိုလှောင်နိုင်တဲ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူထံကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေ့စကပြီး စစ်ကောင်စီဖက်က စစ်ရေးလှုပ်ရှားမှုတွေ၊ နေ့စဉ်လုပ်ဆောင်လျက်ရှိတာကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး ထပ်မံတိမ်းရှောင်ရမှာကို ဒေသခံတွေက စိုးရိမ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီဖက်ကတော့ ဖရူဆိုဖက်မှာ တပ်လှုပ်ရှားမှုရှိတယ် စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်လုပ်နေတယ်ပေါ့။ တိုက်ပွဲကတော့ ထိုးစစ်အပေါ်မှာပဲ မူတည်ပါတယ် သူတို့ရဲ့တပ်လှုပ်ရှားမှု အပေါ်ပေါ့။ တပ်တွေက လှုပ်ရှားလာမယ် နယ်မြေကျွံမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲတော့ ဖြစ်မှာပဲပေါ့လေ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဘေးကင်းရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအတွက် အရေးပေါ်လိုအပ်မှုကို ပါဝင်ကူညီလိုသူများအတွက် 09765733168၊ 09445571977၊ 09788069188၊ 09428003926 ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူများက အသိပေးဖော်ပြထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...