spot_img
Monday, February 6, 2023
spot_img

တိုက်ပွဲကြောင့် မတိမ်းရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ယမန်နေ့ည (ဩဂုတ်လ ၁၃) ရက်နေ့ညမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ အခြေအနေ တင်းမာမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူတွေ ညတွင်းချင်း ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

မတိမ်းရှောင်နိုင်တဲ့ အသက် ၈၀ အရွယ် သက်ကြီးရွယ်အိုတစ်ဦး အသက်ရှုပ်ကြပ်ပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ သူများပြေးလွှားတာ ကြားတော့ စိတ်ဆင်းရဲပြီး သူ့အိမ်မှာပဲ အသက်ရှူကြပ် ဆုံးသွားတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ သုံးထောင်ဝန်းကျင် ရှိနေပြီး ညတွင်းချင်းမှာ ကဗျာကယာ တိမ်းရှောင်ရတဲ့အတွက် စားနပ်ရိက္ခာ များများစားစား မသယ်ဆောင်နိုင်ခဲ့ဘူး လို့ သိရပါတယ်။

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ နေရာယူထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အခြေအနေမှာ တင်းမာနေဆဲဖြစ်တဲ့အတွက် အိမ်ပြန်နိုင်ဖို့ ခက်ခဲလာနိုင်ပြီး စားနပ်ရိက္ခာ အခက်အခဲ ရှိလာနိုင်တယ်လို့ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ စစ်ရအခြေနေတင်းလာဖို့ပဲရှိတယ်။ ဒါကြောင့် စစ်ရှောင်အတွက် လိုအပ်ချက်‌တွေကို ကြိုတင်ပြင်ဆင်ထားပေးကြဖို့ လိုမယ်။ အဓိက စားနပ်ရိက္ခာ၊ မိုးကာ၊ ဆေးဝါးတွေ လှူနိုင်သူ၊ ကူနိုင်သူတွေ ကြိုတင်ပြင်ဆင်ထားစေချင်တယ်။” အဆိုပါ ဒေသခံ လူငယ်အမျိုးသားက ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ဒီးမော့ဆိုအရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ပစ်ခတ်မှု မရှိတော့ပေမယ့် အခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ (ဖေဖော်ဝါရီလ ၆ရက်) နေ့လည် ၂နာရီအချိန်မှာ အမျိုးသား ၆ဦး စီးနှင်လာတဲ့ ကားတစ်စီး ဇရပ်ဖြူရွာလမ်း မှာ မိုင်းနင်းမိပြီး ၄ဦးသေဆုံး ၂ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သွားရောက်ကယ်ဆယ်မှုမှာ ပါဝင်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း ထံကနေ သိရပါတယ်။ “ အသက်ရှင်လျှက်ရှိသော လူနာ နှင့် ပြန့်ကျဲနေသော...

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ကျောင်းသား ၁၀၀၀ကျော် ကျောင်းမတက်နိုင်သေး

ကေးဒူ (ကန္တာရဝတီတိုင်း(မ်)) ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစ ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်စခန်း ၃ ခု အပါဝင် ဒေသခံ ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ရှောင် ကျောင်းသားလေးတွေ ကျောင်းပြန်မတက်နိုင်သေးဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့...

ရှားတောမြို့နယ်မှာ သွားလာခွင့်လက်မှတ်ရယူပြီးမှသာ သွားလာကြရန် စစ်ကောင်စီစာထုတ်

ကန္တာရဝတီတိုင်း( မ် ) ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး ကရင်နီပြည် ရှားတောမြို့နယ်မှာ စစ်ကောင်စီထံကနေ သွားလာခွင့်လက်မှတ်တွေရယူပြီးမှ သွားလာကြဖို့ စစ်ကောင်စီက စာထုတ်ထားတယ်လို့ ရှားတောမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဒီရှားတောမြို့ပေါ်မှာ ရှိတဲ့လူတွေခါကျတော့ တောင်ယာသွားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လယ်ထဲသွားတာပဲဖြစ်ဖြစ်ပေါ့နော။ လွိုင်ကော်သွားတာပဲဖြစ်ဖြစ် အဲဒီလိုသွားလို့ရှိရင် စစ်ကောင်စီဘက်မှာ လက်မှတ်တွေယူသွားပြီးတော့ ဒီ...

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်နီက တိုင်းရင်းသား နိုင်ငံရေးပါတီ ၂ခု ပါဝင်မည်မဟုတ်

  ကန္တာရဝတီတိုင်း( မ် ) ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီပြန်လည်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်နီပြည်အခြေစိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) ၊ ကယန်းအမျိုးသားပါတီ ( KNP ) တို့က ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ကန္တာရဝတီတိုင်း( မ် ) ကိုပြောပါတယ်။ စစ်ကောင်စီပြုလုပ်မယ့်...