spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် မသွားလာဖို့ KNDF အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော် – ဒီးမော့ဆို ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်တဲ့ လမ်းပိုင်းတွေမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလမ်းတွေကို အသုံးပြုသွားလာတာ မလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဩဂုတ်လ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

“တတ်နိုင်သလောက်တော့ ကျနော်တို့ ဒီ စစ်ဆင်ရေးတွေမှာ လူထုတွေကို မသွားသင့်တဲ့နေရာ မသွားဖို့ မြေပြင်မှာ ပြောနေတာရှိတယ်။ ပြောနေတာရှိပေမဲ့ လူထုတချို့က ကျနော်တို့ မသိလိုက်တဲ့အချိန်မှာပဲ ဝင်သွားလိုက်တာမျိုးတွေ ။ အဲ့ချိန်မှာပဲ စစ်ကောင်စီက ပစ်ခတ်တာမျိုးတွေရှိတယ်။”လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဖြတ်သန်းသွားလာမိတဲ့ အရပ်သားပြည်သူတွေကို တားဆီးစစ်ဆေးခြင်းမရှိသလို မေးမြန်းမှုမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေလုပ်နေတာကြောင့် ယခုရက်ပိုင်းအတွင်း အကြောင်းမဲ့သေဆုံးရတဲ့ အရပ်သားလူထုတွေရှိတယ်လို့လည်းဆိုထားပါတယ်။ ပစ်ခတ်ခံရတဲ့ ပြည်သူစာရင်းကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က မိုင်းလုံး ၊ ရွာတန်းရှည်၊ နမ့်ဘော်ဝမ် ၊ ထူဒူငံသ၊ စိုက်ကွင်း(၃) ၊ ဒေါဆန်းဘွန်း နဲ့ ပန်ကန်း ရပ်ကွက်/ကျေးရွာ တစ်လျှောက် ဇူလိုင်လကစပြီး တောက်လျှောက်တိုက်ပွဲဖြစ်ပွားနေတာပါ။

လတ်တလော စစ်ရေးအခြေအနေကြောင့် အဆိုပါ ရပ်ကွက်၊ ကျေးရွာတွေ အတွင်းကို ဝင်ထွက်သွားလာတာတွေ ၊ နေအိမ်ပြန်ကြည့်တာတွေ ၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူတာတွေကို မပြုလုပ်ကြဖို့ KNDFက မေတ္တာရပ်ခံထားပါတယ်။

spot_img
spot_img

Recent posts