spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားနေတဲ့ ဘောလခဲမြို့ပေါ်မှာ ပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ဘောလခဲမြို့အတွင်း ပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဖြစ်တယ်လို့ ဘောလခဲဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲစတင်မဖြစ်ပွားချိန်မှာ မြို့တွင်းကဒေသခံတွေကို ရွေ့ပြောင်းကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အသိပေးထုတ်ပြန်ခဲ့ပေမယ့် အဆိုပါ မြို့တွင်းက ပြည်သူ ၁၀၀ ဝန်းကျင်ဟာ ရွေ့ပြောင်းမှုမပြုလုပ်နိုင်ခဲ့ဘူးလို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။

“ ထွက်လာဖို့ ကျန်နေကြသေးတဲ့ လူတွေက ခံယူချက် ဘယ်လိုရှိလဲတော့ မပြောတတ်ဘူး။ ဘယ်လိုခေါ်ခေါ် ထွက်မလာကြဘူး‌ ဖြစ်နေတယ်ပေါ့နော်။ တိုက်ပွဲမဖြစ်ခင် စာထုတ်ထားလဲ ထွက်မလာဘူး။ တစ်ချို့တစ်လေပဲ ထွက်လာတယ်။ တိုက်ပွဲဖြစ်ခါနီးလည်း တစ်ချို့တစ်လေပဲ ထွက်လာကြတယ်။ နောက်ဆုံး အခု တိုက်ပွဲဖြစ်နေပြန်တော့လည်း ထွက်လာမလားဆိုပြီး စောင့်နေတာ မထွက်လာကြပြန်ဘူး။ အယောက် ၁၀၀ ဝန်းကျင်လောက်ကျန်မယ်။” လို့ ဘောလဲဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိ မြို့ပေါ် ကျန်ရှိနေသူတွေဟာ တိုက်ပွဲအတွင်း ပိတ်မိနေသူတွေမဟုတ်ပဲ ကိုယ့် သဘောနဲ့ကိုယ် ကျန်ရစ်ခဲ့ကြသူတွေသာ ဖြစ်တယ်လို့ အဆိုပါ အမျိုးသားတစ်ဦးက ဖြည့်စွက်ပြောဆိုထားပါတယ်။

ဒေသခံတစ်ချို့ကတော့ ကျန်ရစ်သူမိသားစုဝင်တွေကနေ ပြန်လည်ခေါ်ထုတ်ကြတာရှိပေမယ့် လုံးဝ ထွက်မလာကြသူတွေရှိနေကြဆဲလို့ အသက် ၂၅ နှစ်ဝန်းကျင် မျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ကျမတို့ အမျိုးတွေကတော့ စာထုတ်ပြန်ပြီး အတတ်နိုင်ဆုံးထွက်လာခဲ့ကြတယ်။ ကျန်နေခဲ့သူတွေကတော့ သူတို့ ဆွေမျိုး မိသားစုဝင်တွေကနေ ကြိုးစားပြီး တတ်နိုင်ဆုံး ပြန်လာ ခေါ်ကြတယ်လို့ပြောကြတယ်။ ဒါပေမဲ့ လုံးဝ ထွက်မလာသူတွေလည်း ရှိတယ်။ လက်ရှိကတော့ ထွက်လာချင်ရင်တောင် ထွက်လာလို့ ကောရသေးလားမသိဘူး။ မြေပြင်အခြေအနေလည်း မသိရ‌တော့။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဘောလခဲပြည်သူလူထုတွေကို ၁၀ ရက်အတွင်း ရွေ့ပြောင်းနေထိုင်ကြဖို့ကို တော်လှန်ရေးတပ်ပေါင်းစုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ် နှိုးဆော် ထားတာရှိပါတယ်။

အဆိုပါ ထုတ်ပြန်စာထုတ်ပြန်ပြီးနောက်ပိုင်း လူထုအများစုဟာ အခြားနေရာကိုရွှေ့ပြောင်း တိမ်းရှောင်ခဲ့ကြပြီး အနည်းစုဟာ လက်ရှိအချိန်ထိ မြို့ပေါ် မှာ ဆက်လက် ကျန်ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ဘောလခဲ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ စစ်သုံးပန်းနဲ့ လက်နက်ပစ္စည်းတွေ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း KNDF ဒုစစ်ဦးစစ်ချုပ် မာဝီရဲ့ ဖေ့ဘွတ်ခ် လူမှု ကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts