spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားနေပေမယ့်လည်း စိုးရိမ်ပူပန်မှုကြားက ၀မ်းရေးဖြေရှင်းနေရတဲ့ မိုးဗြဲစစ်ဘေးရှောင်တွေရဲ့ စကားသံများ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီ – ရှမ်း နယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို လုပ်ဆောင်လျက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုက မိုးဗြဲမြို့အနီးအနားက ဒေသခံ၊ စစ်ဘေးရှောင်ရှိရာ နေရာအနီးကိုလည်း ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်မှု၊ သေဆုံးမှုတွေလည်း ရှိပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းရန်ကို ကြောက်ပေမယ့်လည်း စစ်ဘေးရှောင်ဟာ စားဝတ်နေရေးအတွက် စပါးစိုက်ပျိုးတာ၊ ငါးဖမ်းရှာတာ နဲ့ ဝင်ငွေရဖို့အတွက် အလုပ်လုပ်ဖို့ သွားလာနေကြတာရှိပါတယ်။ ဒီလို လှုပ်ရှားရုန်းကန်နေကြတဲ့ စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့ စကားသံတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

spot_img
spot_img