spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ကျေးရွာတွေဆီ စစ်ကောင်စီ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ယမန့်နေ့ (ဇူလိုင် ၆ရက်) မှာ စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ဒီးမော့ဆို အရှေ့ဖက်ခြမ်း က ဒေါတမကြီးနဲ့ ဖဲလျားကျေးရွာ တွေဆီ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေါမတကြီး ကျေးရွာအတွင်း မှာ လက်နက်ကြီး ၆လုံး ကျရောက်ခဲ့ပြီး ဖဲလျားကျေးရွာမှာ လက်နက်ကြီး ၂လုံး ကျရောက်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) က ဒီကနေ့ (ဇူလိုင် ၇ရက်) ထုတ်ပြန်ထားပါတယ်။

“ ထိခိုက်မှုကတော့ လူထိခိုက်မှု ဘာညာ မရှိဘူးလို့ ပြောတယ်။ဘယ်တပ်ကလဲဆို ခန့်မှန်းခြေပဲ ပြောလို့ရမှာပေါ့။ တပ်ကလည်း ၂ခု ကပ်ရပ်ရှိနေတော့ ၁၀၂ မဟုတ်ရင် ၄၂၇ အဲ့နှစ်ခုထဲက တစ်ခုပဲပေါ့။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒေါတမကြီး ကျေးရွာမှာတော့ နံနက် ၁၁နာရီ ၄၈ မိနစ်မှာ လက်နက်ကြီး ၄ လုံး နဲ့ ညနေ ၆နာရီ ၁၉ မိနစ်မှာ (၂) လုံး ပစ်ခတ်ခဲ့ပြီး ဖဲလျားကျေးရွာမှာတော့ ညနေ ၆နာရီ မှာ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

လူထုကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာက စစ်ရာဇဝတ်မှုမြောက် တဲ့အပြင် ကျေးရွာတွေကို ဦးတည်ပစ်ခတ်တဲ့အတွက် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မြောက်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီးမော့ဆို အရှေ့ဖက် ခြမ်း ကျေးရွာတွေမှာဆိုရင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်တာတွေ၊ ဒေသခံ ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှာဆိုရင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ ဒီးမော့ဆို အရှေ့ဖက်ခြမ်း ကျေးရွာ တစ်ရွာမှာ လက်နက်ကြီး လေးလုံး ကျရောက်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကျည်စထိမှန် သေဆုံးခဲ့တာ ရှိပါတယ်။

spot_img
spot_img