spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

တိုင်း/ပြည်နယ်အနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် ပြည်နယ်အဖြစ် ကယားပြည်နယ် တခုတည်းကသာ ကျန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းမှ တစ်ဦး အပါအဝင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်အတွက် တိုင်း/ပြည်နယ်အနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။

တိုင်း/ပြည်နယ်အနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် ပြည်နယ်အဖြစ် ကယားပြည်နယ် တခုတည်းကသာ ကျန်

ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ရး၀၀ နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာ (၁၉၁) ဦး ရှိသွားပြီ ဖြစ်သည်။

ယခု ထပ်မံတွေ့ရှိသည့် ရောဂါပိုးတွေ့ရှိသူ (၃) ဦးသည် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ တစ်ဦးစီ ဖြစ်ကြသည်။

ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁) ဦးရှိပြီ ဖြစ်သည့်အနက် (၈၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉၁) ဦးအနက် (၆) သေဆုံးခဲ့ပြီ ဖြစ်သည်။

spot_img
spot_img

Recent posts