spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

တောင်ငူ – ဒီးမော့ဆိုလမ်းမပေါ်က ဇလဲတံတား ပျက်စီး၊ လူထိခိုက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တောင်ငူ – ယာဒို၊ တောင်ငူ – ဒီးမော့ဆို လမ်းမပေါ်မှာရှိတဲ့ ကရင်ပြည်နယ်၊ ယာဒိုကျေးရွာအနီးက ဒေသအခေါ် ဇလဲ တံတားဟာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှာ ကျိုးကျသွားတယ်လို့ သိရပါတယ်။

ကုန်တင်လာတဲ့ ကားရဲ့ ဝိတ်အလေးချိန်ကြောင့် တံတားကျိုးသွားတာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ရဲ့ ကိုဖိုးဇော်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဲ့ဒီတံတားက မနေ့ကပေါ့နော် ကျနော်တို့ တောင်ငူကနေပြီးတော့ ဒီဖက် ယာဒို ဆီးဘူးဖက်ကို ကုန် တင်လာတဲ့ကားပေါ့နော် တံတားက ဝိတ်မခံနိုင်တော့ဘူးပေါ့နော်။ အခုကဘယ်လိုလဲဆိုတော့ ကုန်တင်တာ ဝိတ်တအားများတော့ ကျိုးသွားတာ။ ကျိုးသွားတယ်ဆိုတော့ လောလောဆယ် ကားအသေးတွေတော့ ပြန်ဖြတ်နေပြီ။ ကားအကြီး တော့ ဖြတ်လို့ မရသေးဘူး။ ဒီနေ့တော့ စုပေါင်းအားနဲ့ အဲ့လမ်းကြီးကို တံတားကြီးကို ပြင်မယ်လို့တော့ပြောပါတယ်။” လို့ ကိုဖိုးဇော်က ဆိုပါတယ်။

ဓါတ်ပုံ – ထွန်းမြန်မာဒိုနေရှင်း

တံတားကျိုးကျချိန် ယာဉ်ပေါ်က ကားမောင်းသူဟာ ကားအပြင်ဖက်ကို အမြန်ရှောင်ထွက်နိုင်ခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီလမ်းကနေ တောင်ငူ – ယာဒို – ဆီးဘူး – ဒီးမော့ဆိုမြို့နယ်အထိ ကုန်တင်ပို့နေတာဖြစ်ပြီး ကားတစ်လျှောက်မှာ ပေးရတဲ့အခွန်အခလည်းများတယ်လို့ ပြောပါတယ်။

“ဂိတ်တွေကလည်း အရမ်းများ၊ ပေးရတဲ့ အခွန်တွေကလည်း အရမ်းကြီးတော့ ကားသမားတွေလည်း မထူးဘူးဆိုပြီး ဝိတ်တွေအများကြီး တင်တော့ တံတားအခုလိုကျိုးတာပေါ့။ သူတို့အတွက်လည်း ကျန်အောင် တင်ရတာပေါ့။”လို့ သူက ဆိုပါတယ်။

လက်ရှိ တံတားမှာတော့ ဝိတ်နည်းတဲ့ ကားအသေးတွေ ဖြတ်သန်းနေပေမဲ့ ဝိတ်များတဲ့ ကားကြီးနဲ့ ကုန်တင်ကားတွေအတွက်တော့ ဖြတ်သွားလို့ မရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီတံတားကို နေ့စဉ် ကုန်တင်ကား ၊ ခရီးသည်ကား ၊ အိမ်စီးကားတွေ ဖြတ်သန်းသွားလာနေတာကြောင့် ကျေးရွာက လူထုတွေ စုပေါင်းပြီး ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ တံတား ပြန်ပြင်နေကြတယ်လို့ သိရပါတယ်။ ဝိတ်များတဲ့ ကားကြီးနဲ့ ကုန်တင်ကားတွေ ပုံမှန်ပြန်သွားနိုင်ဖို့တော့ ၂ရက်ခန့် ကြာနိုင်တယ်လို့ ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts