တောင်ပေါ်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်းဆို

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအုပ်ချုပ်ရေးနယ်မြေ အမှတ် (၁) မြို့နယ်တွင်းရှိ ကယန်းပြည်သစ်ပါတီမှ တည်ထောင်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပြုပြင်ပညာပေးရေးဌာန တောင်ပေါ်စခန်းတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး ကူးစက်ခံရသူမရှိကြောင်း ကယန်းပြည်သစ်ပါတီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ အမှတ် (၁) မြို့နယ်၊ မြို့နယ်ဥက္ကဌ ဗိုလ်မှူးမောင်လှိုင်က ပြောကြားပါတယ်။

လူနေဆောင်များကို ကယန်းပြည်သစ်ရဲဘော်မှ ပိုးသတ်ဆေးဖျန်းနေစဉ်

ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ Case (121)က ၎င်းစခန်းထဲကို ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း လိုအပ်တဲ့ စစ်ဆေးမှုတွေကိုပြုလုပ်ပြီးဖြစ်တာကြောင့် စခန်းတွင်ရောဂါပိုး ကူးစက်ခံရသူမရှိဘူးလို့ဆိုပါတယ်။

ဗိုလ်မှူးမောင်လှိုင်က “စခန်းမှာလာနေတဲ့သူတစ်ယောက်ရဲ့အစ်မက နိုင်ငံခြားကနေပြန်လာတယ် သူ့မောင်လေးကိုလာတွေ့တယ် လာတွေ့တဲ့အစ်မက ကိုရိုနာပိုးရှိတယ်လို့သိရတော့ သူ့မောင်လေးကို ချက်ခြင်းသီးသန့်ခွဲထားတယ် ဆရာဝန်တွေကိုယ်တိုင်လာပြီး ဆေးစစ်ဖို့ လိုအပ်တာတွေလာလုပ်သွားတယ် ဆေးစစ်တော့ အဖြေက ရောဂါပိုးမတွေ့ပါဘူး”လို့ပြောပါတယ်။

တောင်ပေါ်စခန်းမှာ နေထိုင်တဲ့အခြားသောသူတွေကိုလည်း စနစ်တကျနေထိုင်စေပြီး ကျန်းမာရေးဌာနက လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပုံမှန် လာရောက်လုပ်ကိုင်ပေးကြောင်းကိုလည်း ဗိုလ်မှူးမောင်လိုင်က ဆက်ပြောပါတယ်။

” အခြားသူတွေကိုတော့ အတတ်နိုင်ဆုံး စနစ်တကျနေထိုင်ဖို့နဲ့ စားသောက်ဖို့ လက်ဆေးဖို့ပြောထားပါတယ် အဆောင်တွေကိုလဲ လူခွဲထုတ်ပြီး သစ်ပင်အောက်မှာအိပ်တာတွေ၊ အခြားလွတ်နေတဲ့နေရာမှာထားတာတွေ ယာယီ အဆောင်သစ်လုပ်ပေးတာတွေရှိပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလည်း လာရောက်စစ်ဆေးအကြံပေးတာတွေ ဆေးလာဖျန်းတာတွေ ပုံမှန်လုပ်ပေးပါတယ်” လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပြုပြင်ပညာပေးရေးဌာန တောင်ပေါ်စခန်း ကို ကယန်းပြည်သစ်ပါတီမှ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ဆိုးသွမ်းလူငယ်များကို ပြုပြင်ပေးရန်ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန် စခန်းတွင် လူဦးရေ (၁၀၀) ကျော်ရှိပြီး ကယန်းဒေသမှအများဆုံးနှင့် တောင်ကြီးမြို့ဝန်းကျင်ဒေသမှ လူငယ်တစ်ချို့ လာရောက်ပြုပြင်နေကြောင်း သိရသည်။

Comments

comments

Next Post

ဌာနဆိုင်ရာမှ တောင်သူတချို့ကိုသာရွေးပြီး မြေယာပြန်ပေးတဲ့အတွက် တောင်သူတွေလက်မခံ

Tue May 5 , 2020
ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ကနေပြီးတော့ ဒီးမော့ဆိုမြို့နယ် တောင်သူတချို့ကိုတောင်ယာမြေ ပြန်လည်ချပေးတဲ့အတွက် တောင်သူတွေက လက်မခံခဲ့ဘူးလို့ ကရင်နီပြည်တောင်သူလယ်သားမားသမ္မဂကိုတူရယ်က ပြောပါတယ်။ “ ဒီပြန်ပေးတဲ့ဟာကိုလဲသူတို့မယူရဲဘူး လိပ်ပြာမသန့်ဘူးလဲဖြစ်တယ်။ ပြီးတော့ ဒါကယူတယ်ဆိုတာ ကျတော်တို့ကိုအချင်းချင်းရန်တိုက်ပေးတယ်ဆိုတဲ့သဘောမျိုးသက်ရောက်တယ်ဆိုတော့ ဒီပြန်ပေးတဲ့ဟာကိုတော့ သူတို့မယူရဲဘူးပေါ့။ အကယ်လို့ပြန်ပေးချင်ရင်တောင် အကုန်လုံးပြန်ပေးပါ တောင်းဆိုထားတဲ့လူတွေအားလုံးကိုပြန်ပေးပါ ပြီးတော့ မျှမျှတတဘဲလုပ်ပေးဖို့ပေါ့ သို့မဟုတ်ရင် ကျိုကြားကွက်ကြားမျိုးပေးတာ ရန်တိုက်ပေးသလိုဖြစ်တယ်ဆိုပြီးတော့ သူတို့မယူတာ။” လို့ ဦးတူရယ်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ(၅) ဦးကို ဒေါဆိုရှေ့ရွာဟောင်း သင်္ချု ိင်းကုန်းတောင်ခြေနားက မြေတွေကို ပြန်ပေးမယ်ဆိုပြီး ဒေါဆိုရှေ့တောင်သူ ၅ဦးကို မြေယူမည်ဆိုပါက လက်မှတ်ထိုးပြီးတော့ယူလို့ရကြောင်း ၊ မယူဘူးဆိုရင်လဲ မယူနိုင်တဲ့အကြောင်းလက်မှတ်ထိုးဖို့အတွက်ပြောခဲ့ပေမဲ့ […]