spot_imgspot_imgspot_imgspot_img
Monday, December 2, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးအမြန်အောင်မြင်ဖို့ လိုတယ်လို့ ကရင်နီ ကာကွယ်ရေးဒုဝန်ကြီးက ၇၄ ကြိမ်မြောက် အာဇာနည်နေ့မှာပြော

ကန္တာရဝတီတိုင်း(မ်)

အာဏာရှင် အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးဟာ နှစ်ပေါင်း ကြာရှည်နေရင် ခံနိုင်ရည် အင်အား နည်းလာမှာဖြစ်တဲ့အတွက် အမြန်အဆုံးသတ်ဖို့ လိုနေပြီဖြစ်တယ်လို့ ကရင်နီ ကာကွယ်ရေးဒုဝန်ကြီး ခူးဒယ်နီယာယ်က ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသား အာဇာနည်နေ့ကို ကရင်နီတပ်မတော် ထိန်းချုပ်ရာ နယ်မြေ ဖြစ်တဲ့ တလဲဒူဆိုမှာ ပြုလုပ်ခဲ့ပြီး ဒီအခမ်းအနားမှာ ခူးဒယ်နီယာယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့သည်တော်လှန်ရေးက နှစ်ရှည်နှင့်အမျှထပ်ရှိနေတော့ ခံနိုင် ရည်ခြင်းကို လူတိုင်းမှာမရှိဘူး။ ကျနော်တို့အခုတိုက်ပွဲဝင်နေတဲ့ လူထုတွေလူငယ်တွေ နောက်ထပ်လေးငါးနှစ်သည် ဘယ်လောက်များကြာမလဲ။ ဒါကမြင်ယောင်ပြီးသားပဲ။ အဲ့တော့ ကျနော်တို့ အမြန်အဆုံးသတ်ဖို့လိုတယ်။ ဒီတိုင်းပွဲဝင်တဲ့ကာလမှာ ကျနော်တို့လူတိုင်းက ပါဝင်ဖို့လိုတယ်။ စုစည်းဖို့လိုတယ်။ အသက်ပေးရဲတဲ့သတ္တိမျိုးက မွေးထားရမယ်။ ဒါမှသာလျှင် ကျနော်တို့တော်လှန်ရေးက မြန်မြန်အောင်နိုင်မြင်မယ်ဖြစ်တယ်။” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

တလဲဒူဆိုမှာ ကျင်းပခဲ့တဲ့ ဒီအာဇာနည်နေ့ အခမ်းအနားကို ကရင်နီတပ်မတော် တပ်ဗိုလ်တပ်မှူးတွေ၊ KNPP ခေါင်းဆောင်တွေ နဲ့ ပြည်သူတွေ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ခေါင်းဆောင်တွေကနေ မိန့်ခွန်းပြောကြားတာ၊ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာ၊ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာ၊ တွေကို ပြုလုပ်ခဲ့ပါတယ်။

“ဒီအာဇာနည်နေ့က ကျနော်တို့ကရင်နီပြည်သူလူထုတစ်ရပ်လုံးအတွက် အဖွဲ့စည်းအတွက်တိုင်းပြည်အတွက် တော်တော်လေးဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်တယ်။ မနေ့တစ်နေ့ကပဲကြည့်ပါ ကျနော်တို့ရွာသားတွေ ပြည်သူလူထုတွေ ကျနော်တို့ရဲဘော်ရဲဖက်တွေ ကျနော်တို့ရဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်လောက်အသက်ပေးသွားပြီလဲ ဒါကသင်ခန်းစာယူစရာတွေအများကြီးရှိတယ်။ သူတို့ရဲ့မပြီးဆုံးသေးတဲ့တာဝန်ဟာ ကျနော်တို့အပေါ်မှာကျလာပြီ။ အဲ့တော့ ကျနော်တို့ဒီမှာရောက်တဲ့လူတိုင်း ရဲဘော်ရဲဖက်တပ်မှူးတွေကအစ အားလုံး တာဝန်ရှိတဲ့လူပုဂ္ဂိုလ်အားလုံးပေါ့လေ။” လို့ ခူးဒယ်နီယာယ် ကပြောပါတယ်။

ကရင်နီအမျိုးသား အာဇာနည်နေ့ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးခေါင်းဆောင် ဖြစ်တဲ့ ဦးဘီတူရီ ကျဆုံးတဲ့ ၁၉၄၈ ခုနှစ် စက်တင်ဘာလ၈ ရက်ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာဖြစ်ပြီး နှစ်စဉ် စက်တင်ဘာ ၈ ရက်နေ့ရောက်တိုင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ဦးဆောင်ကျင်းပလေ့ရှိပါတယ်။

ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို ကရင်နီပြည်တွင်းက ကရင်နီတပ်မတော် ထိန်းချုပ်ရာ နယ်မြေတွေမှာလည်း အကျဉ်ချုံး ကျင်းပပြုလုပ်တာတွေရှိပါတယ်။

spot_img
spot_img