spot_imgspot_imgspot_imgspot_img
Tuesday, December 3, 2024
spot_imgspot_imgspot_imgspot_img

ထပ်မံရွေ့ပြောင်းရတဲ့ ရေဘေးသင့် စစ်ဘေးရှောင်တွေ နေထိုင်ဖို့ အမိုးအကာ လိုအပ်နေ

Author

Date

Category

ကန္တရဝတီတိုင်း ( မ် )

မိုးဗြဲရေကာတာရေတံခါး ဖောက်ချပြီးနောက် ဘီလူးချောင်းဘေးတစ်လျှောက်က ကျေးရွာ၊ လယ်ကွင်းတွေမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ထပ်ဆင့်ရွေ့ပြောင်းရပြီး လတ်တလောမှာတော့ နေထိုင်ဖို့အတွက် အမိုးအကာ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုးဗြဲ- ဒီးမော့ဆိုမြို့နယ်စပ်က ဝီးသဲကူး၊ ဖောင်းတော၊ ဘုရားဖြူ၊ ဘုရားနီ ကျေးရွာနဲ့ ဘီလူးချောင်းဘေးတစ်လျှောက်က ရွေ့ပြောင်းနေထိုင်ရတဲ့ အိမ်ခြေ ၁၅၀ ဝန်းကျင်၊ လူဦးရေ ၁၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင် ရွေ့ပြောင်းနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

“အဓိက လိုအပ်ချက်က မိုးကာပဲပေါ့နော။ တချို့ တဲရွေ့တဲ့ဟာမျိုးတော့ ရှိတယ်။ ရွေ့တဲ့အချိန်မှာ မိုးကာဟောင်းကို ပြန်သုံးလို့မရတော့ဘူးပေါ့နော။ တချို့က တဲမရွေ့ပေမယ့်လည်း လူပဲရွေ့တဲ့ဟာမျိုးလည်း တခြားတဲမှာ ကပ်နေလို့လည်း အဆင်ပြေဘူးပေါ့နော။ လူအရမ်းများတော့ မိုးကာတွေ လိုအပ်တယ်။ ဒုတိယကတော့ အိမ်သာခွက်တွေ လိုအပ်တယ်။ တချို့အိမ်သာတွေက ရေထဲမှာ ပါကုန်တယ်ပေါ့နော။ အိမ်သာတွေပြန်ဆောက်၊ တဲ တွေ ပြန်ဆောက်တာမျိုးဖြစ်တယ်။” လို့ ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရွေ့ပြောင်းရတဲ့ အိမ်ခြေ ၁၅၀ ဝန်းကျင်အတွက် မိုးကာ၊ အိမ်သာခွက်၊ ဆေးဝါးနဲ့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေ အပြင် လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ရေဘေးကြောင့် တခြားနီးစပ်ရာ ဆွေမျိုး၊ စစ်ဘေးရှောင်စခန်းတွေမှာ ထပ်မံ သွားရောက်နေထိုင်ကြရပါတယ်။

ရောက်ရှိတဲ့ နေရာကနေ ကလေးတွေရဲ့ ပညာရေးကို သင်ကြားနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်တွေလည်း လိုအပ်နေတယ်လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

“နောက်တခုက ကလေးတွေရဲ့ သင်ထောက်ကူပစ္စည်းပေါ့နော။ အခုက ရေမြှုပ်နေတဲ့ ကျောင်းသုံးကျောင်းပါတယ်ပေါ့နော။အခုက ရေမမြှုပ်နိုင်တဲ့နေရာမှာ ကလေးတွေကို စာသင်တယ်ပေါ့။ ဒါပေမယ့် တနေကုန်မသင်ဘဲနဲ့ လူဦးရေ အရမ်းများတော့ နေ့လည်တပိုင်း၊ ညနေတပိုင်း ခွဲပြီး ကလေးတွေကို စာသင်ပေးတယ်ပေါ့နော။ အဲ့မှာ လိုအပ်တာက သင်ထောက်ကူပစ္စည်းတွေပေါ့နော စာအုပ်တို့ လိုအပ်တယ်။” လို့ သူက ဆိုပါတယ်။

အဆိုပါ ရေဘေးသင့် စစ်ဘေးရှောင်တွေအတွက် အကူအညီတစ်စုံတစ်ရာ မရရှိသေးဘူးလို့ ဆိုပါတယ်။ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရေပြန်ကျခြင်းမရှိသေးတာကြောင့် စပါးခင်းတွေရေနစ်မြှုပ်မှုနဲ့ ဆက်လက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts