spot_img
Friday, May 20, 2022
spot_img

ထိုင်တော်မူ ဘုရားတောင် မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ (၂)ဦးကျဆုံး

Must read

spot_img

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မေလ ၁၄ရက်) မနက် (၆)နာရီအချိန် ထိုင်တော်မူဘုရားတောင် မှာ စနိုက်ပါ စစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဖယ်ခုံPDFက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီနဲ့ ဖယ်ခုံ PDF ၊ လွိုင်ကော်PDF ၊ ဒီးမော့ဆို PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဖက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲအပြီး စစ်ကောင်စီဖက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တဲ့အတွက် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်မှာလည်း မိုးဗြဲအခြေစိုက် ခမရ-၄၂၂တပ်ရင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ မိုးဗြဲPDFတို့ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၃ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲPDF ကဒီကနေ့ ထုတ်ပြန်ထားတာရှိပါတယ်။

- Advertisement -spot_img
- Advertisement -spot_img

Latest article