spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီ နယ်စပ် စစ်ရှောင်စစ်ခန်း (၂) နေရာမှာ ရာသီကူးပြောင်း ကာလအတွင်း ဖျားနာတဲ့ လူနာဦးရေ များပြားလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်က စစ်ရှောင် စခန်းအမှတ် (၈) နဲ အမှတ် (၉) တို့မှာ ရာသီကူးပြောင်းမှုကြောင့် တစ်ရက်ကို ပျမ်းမျှအားဖြင့် ဖျားနာသူ လူနာ အယောက် (၄၀) ကနေ (၅၀) အထိ ဆေးခန်းကို ပုံမှန် လာရောက်ပြသနေကြတယ်လို့ သိရပါတယ်။

လာရောက်ပြသကြတဲ့ လူနာတွေ ထဲမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားယားနာနဲ့ ငှက်ဖျားရောဂါ စတာတွေကို အများဆုံး တွေ့ရတယ်လို့ စစ်ရှောင် အမှတ် (၈) နှင့် အမှတ် (၉) ရဲ့ ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

“တစ်ရက်ကိုလူနာ အယောက် (၄၀) ကနေ (၅၀) အထိ လာရောက်ပြကြတယ်။ အဲဒီထဲမှာမှ အသက်ရှူလမ်းကြောင်းတွေ ၊ skin (အရေပြားယားနာ) တချို့ပါမယ် ၊ငှက်ဖျားတချို့ပါမယ်။ ကြားထဲမှာလည်း တခြားရောဂါတွေ အများကြီးပါသေးတယ်။” လို့ စစ်ရှောင် အမှတ် (၈) နှင့် အမှတ် (၉) ရဲ့ ကျန်းမာရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ပုံမှန်အားဖြင့် ဆေးခန်းဖွင့်ချိန်တွေ သတ်မှတ်ထားပေးမယ့်လည်း ဖျားနာသူ လူနာတွေများပြီး အဆက်မပြတ် လာရောက်ပြသတာကြောင့် ကျန်းမာရေး ဆရာ/မ တွေ အနေနဲ့ မနားတမ်း ကုသပေးနေရတယ်လို့ ဆိုပါတယ်။

ဒီကနေ့(ဇွန်လ ၃ ရက်နေ့) ထိတော့ ဆေးဝါးတွေတော့ လုံလောက်မှု ရှိနေသေးပေမယ့် ရေရှည်မှာတော့ ဆေးဝါးလိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင် စခန်း (၂)ခုမှာ လူဦးရေ နှစ်ထောင်နီးပါး ရှိပြီး ဘောလခဲဒေသဘက်ကနေ လာရောက်တိမ်းရှောင်ကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts