ဒီဇင်ဘာ လ ၃၀ ရက် တနင်္လာနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
- မယ်လယုတပ်စခန်းက စစ်ကောင်စီရဲ့ လက်ကျန် လက်နက်ခဲယမ်းနဲ့ ကား၊ဆိုင်ကယ်အချို့ ကို ကရင်နီပြည်တပ်မတော်က သိမ်းဆည်းမိ
- ဒီးမော့ဆိုမြို့နယ်မှာ (၂၇၆၄) နှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စုပေါင်းပြုလုပ်
- ပီကင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်မှုရှိ
- ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား ၂ဦး CDM ပြုလုပ်ပြီး ဘောလခဲ PDF ထံ လက်နက်နဲ့အတူ ခိုလှုံလာ
- နန်းမယ်ခုံမြို့နယ်အတွင်းရှိ ဓတ်ဆီဆိုင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံး အေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..