ဒီမော့ဆိုမြို့နယ်မှ သုံးဦး မိုးကြိုးထိမှန်၍သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့တွင် လေတိုက် မိုးသည်းထန်းစွာရွာပြီး လယ်ကွင်းမှာ အလုပ်လုပ်နေသူ သုံးဦး မိုးကြိုးထိမှန်၍သေဆုံးသွားတယ်လို့ ဒီးမော့ဆိုမြို့မရဲစခန်းကနေ သိရပါတယ်။

မေလ ၁၁ရက်နေ့ မွန်းလွဲပိုင်း ၂နာရီဝန်းကျင်ခန့်တွင် ငွေတောင်ကျေးရွာအုပ်စု၊ ညောင်ကုန်းစိုက်ကွင်းမှာလယ်စိုက်နေတဲ့ အသက်(၄၁)နှစ်အရွယ်အမျိုးသမီးတစ်ဦး နဲ့ ၎င်းရဲ့သမီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး မိုးကြိုးထိမှန်၍ ဒီမော့ဆိုဆေးရုံရောက်ရှိနေကြောင်းသိရပြီး ၎င်းတို့နှစ်ဦးမှာ ဒီမော့ဆိုမြို့၊ ဒေါငံခါးကျေးရွာမှာနေထိုင်သူများဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့အပိုင် လယ်ကွင်းမှာ စပါးစိုက်ပျိုးနေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်တစ်ဦးမှာ မွန်းလွဲပိုင်း သုံးနာရီခန့်က နန်းမယ်ခုံတိုက်နယ်ဆေးရုံသို့ မိုးကြိုးပစ်ခံရသူ အမျိူးသားတစ်ဦးရောက်ရှိတဲ့အကြောင်း ဒီမော့ဆိုရဲစခန်းကိုအကြောင်းကြားခဲ့တာကြောင့် ရဲအုပ်နောင်စိုး ဦးစီးအဖွဲ့မှ သွားရောက်စိစစ်ခဲ့ပါတယ်။

သေဆုံးသူအမျိုးသားမှာ အိုကေအုပ်စု၊ အိုကေကျေးရွာနေသူဖြစ်ပြီး လယ်ကွင်းမှာ ထွန်စက်ဖြင့်လယ်ထွန်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ပါတယ်။

၎င်းတို့သုံးဦး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Comments

comments

Next Post

ကဲ့ရဲ့ ချီးမွမ်း ဒီနှစ်ခွန်း

Tue May 12 , 2020
သိုက်စိုးထွန်း(နတ်ရွာ) သုံးတန်းကတည်းက သင်ခဲ့ရတဲ့ ဇာတ်ကြောင်းလေးတစ်ခုရှိတယ်။ သမင်ပျို၏နောင်တတဲ့။ သမင်ပျိုလေး တစ်ကောင်က ရေသောက်ဆင်းတယ်။ ရေသောက်ရင်းနဲ့ ကိုယ့်အရိပ်ကရေမှာပေါ်နေတော့ သေသေချာချာကြည့် နေတယ်။ ခြေထောက်တွေ၊ လက်တွေကမလှဘူး၊ ချိုလေးကတော့လှလိုက်တာဆိုပြီးတော့ ခြေထောက်တွေကို ကဲ့ရဲ့တယ်။ ဦးချိုတွေကိုတော့ ချီးမွမ်းတယ်ပေါ့လေ။သိပ်မကြာပါဘူး။ တောထဲမှာ မုဆိုးလိုက်လို့ ပြေးရင်းလွှားရင်းက ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ချိုနဲ့ငြိပြီး လွတ်အောင်မရုန်းနိုင်တော့တဲ့အချိန်မှာ မုဆိုးရဲ့မြားချက်ကြောင့် အသက်ကုန်ရရှာတယ်။ မြားတန်းလန်းကြီးစိုက်နေမှ ရလာတဲ့ နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးကလည်း သူ့ဘဝအတွက် ဘာမှအရာထင်အောင်လုပ်မပေးနိုင် တော့ဘူး။ အရာရာဟာ သိပ်ကိုနှောင်းခဲ့ကြပြီပေါ့လေ။ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ သင်ခန်းစာလေးကို ပြန်တွေးကြည့်မိတယ်။ တကယ်ဆို ခြေထောက်တွေနဲ့ တူတဲ့ ဘဝမျိုးတွေ အများကြီးရှိနေကြတယ်။ ဒါပေမယ့် အဲ့ဒီခြေထောက်တွေက လုံးဝအချီးမွမ်းမခံရဘူး။ တရစပ် ကဲ့ရဲ့ခြင်းတွေနဲ့ ရင်ဆိုင်နေကြရတယ်။ […]

ဆက်စပ်သတင်းများ