spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုက စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်တစ်ဦးဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အသက်၁၀နှစ်အရွယ် ယောကျ်ားလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

“နှစ်ကြိမ်လာကြဲတယ်။ ပထမတစ်ကြိမ်က ဗုံး၂ လုံးချတယ်။ ဒုတိယအကြိမ်မှာ စက်သေနတ်နဲ့လည်းပစ်တယ်။ ကလေးတစ်ယောက် ပုခုံးမှာထိ‌တော့ ဆေးရုံပို့လိုက်ပြီ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စက်သေနတ်ပစ်ခတ်ရာမှာ ပွိုင့်8 (.8) စက်သေနတ်ကိုအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ထပ်မံပစ်ခတ်မှုပြုလုပ်ခဲ့ရာ အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခန်းအနီးမှာ ကျောင်းဆင်းပွဲကျင်းပနေတယ်လို့လည်း သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆင်းပွဲကို ရပ်နားလိုက်ရပြီး ကလေးတွေနဲ့ စစ်ဘေးရှောင်တွေက ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။

ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဒီးမော့ဆိုမြို့နယ်အတွင်းကို လေယာဉ်နဲ့ ကင်းထောက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကရင်နီ – ရှမ်းနယ်စပ် မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲအတွင်းဖြစ်စေ ၊ တိုက်ပွဲဧရိယာမဟုတ်တဲ့ အရပ်သားရှိရာ နေအိမ်တွေကို မီးလောင်ဗုံး ပိုမိုအသုံးပြုတိုက်ခိုက်လာတဲ့အပြင် စစ်ဇုန်မဟုတ်တဲ့ အရပ်သားရှိရာ နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်‌ဆောင်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

Karenni #KantarawaddyTimes #KarenniNews #လေကြောင်းတိုက်ခိုက်မှု #စစ်ရှောင်ခန်း #ဒီးမော့ဆို #ကလေးငယ်ထိခိုက်

spot_img

Recent posts