spot_imgspot_imgspot_imgspot_img
Sunday, April 20, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် ထီးသဲကလိုးကျေးရွာမှာ (၁၅) နှစ်အရွယ်ကလေးတွေ အရေပြားယားယံမှု အဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက ထီးသဲကလိုးကျေးရွာမှာ အသက် (၁၅) နှစ်အရွယ်ကလေးတွေ အရေပြားယားယံမှု အဖြစ်များနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ယောက်ထွက်ပြီဆိုရင် အတူရှိနေကြတော့ ကူးတယ်လေး။ နောက်တစ်ယောက်ဖြစ် နောက်တစ်ယောက်ကူး အဲ့လိုဖြစ်တယ်။ တချို့ကျတော့လည်း ကရုစိုက်ရင်တော့လည်း ပျောက်မြန်တယ်၊ ရေနဲ့တော့ မဆိုင်ဘူးလေး။ တခြားနေရာကနေ ရလာတာပေါ့၊ လာပြီး ကူးစက်ကုန်တာ။” လို့ ဒေသခံ တစ်ဦးက ကူးစက်မှုအခြေအနေကို ပြောပြပါတယ်။

အရေပြားယားယံမှုကို အသက် ၁၅ နှစ်အောက် အရွယ် ကလေးတွေလည်း ခံစားနေရပြီး ဖြစ်ပွားနေတာ တစ်လနီးပါးရှိနေပြီလို့ ဆိုပါတယ်။ ကျောင်းသား၊ကျောင်းသူအပါအဝင် ကလေးငယ် ဦးရေ ၃၀ အထိ ယားယံမှုဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

“နည်းနည်းတော့ ကြာပြီပေါ့နော။ ကိုယ်ကတော့ မဖြစ်ပေမယ့် သူငယ်ချင်းတွေက တော်တော်ဖြစ်ကြတာပေါ့။ တချို့ဆို အသားတောင် မစားရဲတော့ဘူး၊ ငါးပိလည်း မစားရဲကြတော့ဘူး၊ အဲ့လိုနေမှ ပျောက်လာတာပေါ့နော။” လို့ အသက် (၁၅) အရွယ် ကျောင်းသားတစ်ဦးက ပြောပါတယ်။

အရေပြားယားယံမှု ဖြစ်ပွားသူတွေဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေ နဲ့ အရေပြားယားယံတာကို ကရုစိုက်မှု အားနည်းသူတွေမှာ ရက်ရှည်ခံစားနေကြရတယ်လို့လည်း ဆိုပါတယ်။

“၁၄၊ ၁၅ နှစ်အရွယ်ဆိုတာက ကျောင်းနေတဲ့ သူတွေလေး။ အတူသွားလာ အတူစား ဆိုတော့ ပိုကူးစက်ကြတာပေါနော။ သူတို့ မိဘတွေကတော့ စိုးရိမ်ရတဲ့ အထိတော့ ရှိနေတာပေါ့နော။” လို့ ကျောင်းဆရာမ တစ်ဦးကလည်း ဆိုပါတယ်။

တောတောင်အနီးအနားမှာ နေထိုင်ကြရတဲ့ စစ်ဘေးရှောင်တွေလည်း အရေပြားယားယံမှု ဖြစ်ပွားတာရှိနေပြီး ရေမရှိတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ၊ လိမ်းဆေး၊ သောက်ဆေး မရှိတာတွေကြောင့် ပျောက်ကင်းမှု မရှိဘဲ မကြာခဏ အရေပြားယားယံမှုပြန်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts