spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ကနေ ပြုလုပ်တဲ့ ECCD ဆရာဖြစ်သင်တန်းကို သင်တန်းသူ (၇၇) ဦး တက်ရောက်ပြီးစီး

Author

Date

Category

ကန္တရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ကနေ ပြုလုပ်တဲ့ ECCD (ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး) ဆရာဖြစ်သင်တန်းကို သင်တန်းသူ ( ၇၇ ) ဦး တက်ရောက်ပြီးစီးတဲ့ သင်တန်းဆင်းပွဲကို မေလ ၂၁ ရက်နေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။

သင်တန်းကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန နဲ့ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့အဓိကတော့ က‌လေးရဲ့ဖွံ့ ဖြိုး မှုတွေ၊ အရင်တုန်းကလိုမျိုး မူကြိုကျောင်းဆိုရင် ကလေးထိန်းကျောင်းသက်သက်တစ်ခုပဲ လူတွေက မြင်ကြတယ်။ တကယ်တမ်း အဲ့ကထွက်လာတဲ့ ကလေးတွေသည် ဘာဖွံ့ဖြိုးမှုမှ မရပဲနဲ့ ဦးနောက်ဖွံ့ဖြို့မှု အပိုင်းမှာလား မသန်စွမ်းတဲ့ အပိုင်းတွေမှာလား အဲ့လိုဆက်စပ်ပြီး ဖြစ်လာနိုင်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့ သုံးနှစ် ၊ လေးနှစ် ၊ ငါးနှစ် အရွယ်ရှိတဲ့ ကလေးတွေကို ဦးတည်နေတဲ့ မူကြိုကျောင်းမှာရှိတဲ့ ဆရာမတွေကို သင်ကြားသင်ယူမှုနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ် ကစားစရာတွေနဲ့ပဲ ဖြစ်ဖြစ် လုပ်ဆောင်သွားတာပေါ့” လို့ ခုလိုသင်တန်း ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဒီးမော့ဆို မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင် ဦးသန်းထွန်းအောင် က ပြောပါတယ်။

သင်တန်းပြီးစီးသွားတဲ့ ဆရာမ (၇၇) ဦးကို မြို့နယ်အလိုက် ဘုတ်အဖွဲ့တာဝန်ခံတွေက တစ်လတစ်ကြိမ် ဒါမှမဟုတ် တစ်လနှစ်ကြိမ် မူကြိုဆရာမတွေ၊ ကလေးမိဘ၊ ကော်မတီတွေနဲ့ တွေ့ဆုံပြီး အနီးကပ်အကြံပေးတာ၊ ပံ့ပိုးပေးတာကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် သင်ကြားတဲ့ ECCD မူကြိုဆရာမတွေကိုလည်း နောက်နှစ်အထိ မုန့်ဖိုး ပံ့ပိုးပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျမ အတွက်ဆို အများကြီး သင်ယူရရှိလိုက်တယ်။ ကျမက သိတယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်း ပတ်ဝန်းကျင်မှာရှိတဲ့ ကျမသတိမထားမိတဲ့ အရာတွေ အာလုံးကို ဆရာမတွေက ကျမတို့ကို အနောက်ကနေပံ့ပိုး ပေးတယ် မြင်လာအောင်လုပ်ပေးတဲ့အတွက် အများကြီးရတယ်။ ကလေးနဲ့ပတ်သက်ပြီး‌ တော့ အစောပိုင်း အကြောင်းတွေကို ကျမသိလာရတယ်။ အာဟာရနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ကစားနည်း၊ ငြိမ်းချမ်းရေးအကြောင်းတွေကိုလည်း သိလာရပါတယ်” လို့ သင်တန်းတက်ရောက်ပြီးစီးသွားတဲ့ ဒေါ်အဲလိဇဘတ်ဝင်းက အခုလို ပြောပါတယ်။

သင်တန်းကာလ ၃ပတ်ကြာမြှင့်ပြီး ကစားနည်း၊ ပန်းချီဆွဲနည်း၊ ကလေးပြုစုပျိုးထောင်နည်း၊ ယဉ်ကျေးမှု အပြင် တခြားဗဟုသုတအကြောင်းအရာတွေကို သင်တန်း ဆရာမ ၈ ဦးကနေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts