spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက အာဇာနည်ကုန်းမှာ သေလွန်သွားသူတွေအတွက် ဆုတောင်းပွဲပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (နိုဝင်ဘာလ ၂ရက်နေ့၊) ညနေ (၆) နာရီမှာ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ အာဇာနည်ကုန်းတစ်ခုမှာ ကျဆုံးသွားသူတွေရဲ့ ရဲဘော်ရဲဘက်တွေနဲ့ မိသားစုဝင်အချို့လာရောက်ပြီး သတိရအောက်မေ့ဖွယ် ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

“တူလေးတွေရဲ့ ဝိညာဉ်အတွက်ပေါ့နော်။ တူလေးတွေကကျဆုံးသွားတယ်။ ရဲဘော်တွေဖြစ်တယ်၊ အဲဒါကြောင့် သူတို့ရဲ့ဝိညာဉ်အတွက် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိဖို့အတွက် ဆုတောင်းပေးတယ်။ ကျန်တဲ့ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ဝိညာဉ်တွေအားလုံးအတွက်လည်းဆုတောင်းပေးတယ်။ အကယ်၍သူတို့ငရဲနယ်မှာရှိခဲ့ရင် ဆုတောင်းခြင်းအားဖြင့် သူတို့က ကောင်းကင်ဘုံရောက်တယ်ဆိုတာ ယုံကြည်တယ်၊ အဲ့ကြောင့်သူတို့အတွက်လည်း ဆုတောင်းပေးတယ်။” လို့ လာရောက် ဆုတောင်းပေးတဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

သေလွန်သူတွေအတွက် သင်္ချိုင်းမှာ မီးထွန်းပြီးဆုတောင်းတာဟာ ကက်သလစ်ဘာသာဝင်တွေက ပြုလုပ်လေ့ရှိကြတာပါ။

ဆုတောင်းပွဲမှာ သေလွန်သူတွေရဲ့ အုတ်ဂူတွေပေါ်မှာ မီးထွန်းပေးတာ၊ ဆုတောင်းပေးတာတွေအပြင် ညလုံးပေါက် သင်္ချိုင်းမှာနေပြီး အချိန်ကုန်ဆုံးပေးတာတွေကို ပြုလုပ်လေ့ရှိကြတာပါ။

“ဒီကျသွားတဲ့ ညီအစ်ကိုမောင်နှမတွေ အများကြီးရှိတယ်။ ကိုယ့်ရဲ့မောင်လေးအရင်းလည်း ပါတဲ့အတွက်ပေါ့နော်၊ နောင်ဘဝဆက်တိုင်းဆက်တိုင်းမှာသူတို့ဒီလိုမျိုး နောက်ထပ်မကြုံတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းချင်တယ်ပေါ့နော်။” လို့ဆိုပါတယ်။

သေလွန်သွားတဲ့ ဝိညာဉ်တွေအတွက် သတိတရအောက်မေ့ဖွယ် ဆုတောင်းပွဲကို တစ်နှစ်တစ်ကြိမ်ပြုလုပ်ကြပြီး ကတ်သလစ်ခရစ်ယာန် ဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရတဲ့အရာ လည်းဖြစ်ပါတယ်။

spot_img
spot_img