spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကျန်ရှိနေခဲ့တဲ့ စစ်ရှောင်များ ရာသီတုတ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ

Author

Date

Category

ကေးဒူ/ ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကျန်ရှိနေခဲ့တဲ့ စစ်ရှောင်တွေထဲက ကလေး၊ လူကြီးတွေ အများစုမှာ ရာသီတုတ်ကွေး ၊ ဝမ်းပျက်ဝမ်းလျော အဖြစ်များကြတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်လူထုတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

“ရာသီဥတု ပူတာရယ် ရေရှားတာရယ်ပေါ့နော်။ အဲ့ကြောင့်မို့ သူတို့နှစ်ခုပေါင်းစပ်သွားတော့ အများအားဖြင့် ရာသီတုတ်ကွေး ဖြစ်တယ်။ နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျောတွေ တော်တော်ဖြစ်ကြတယ်” လို့ ကျန်းမာရေး ဆရာမ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေလောက်ပဲ အဖြစ်နည်းပြီး ကလေးနဲ့ သက်ကြီးပိုင်းတွေမှာ အဖြစ်များကြတယ်လို့ အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကလေးလည်း ဖြစ်တယ်။ လူကြီးလည်း ဖြစ်တယ်။ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေ လောက်ပဲ သိပ်မဖြစ်ကြတာ။” လို့ အဆိုပါ စစ်ရှောင်အမျိုးသား က ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တာကြောင့် လမ်းပန်ဆက်သွယ်ရေး အခက်အခဲ ပိုမိုခက်ခဲလာပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်တောက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစ​ပြီး တိုက်ပွဲပြင်းထန်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေသခံတွေအပါအဝင် အဲ့ဒီဒေသကို ယခင်ကတည်းက စစ်ရှောင်လာကြသူတွေဟာ ထပ်ဆင့် တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်် ကရင်နီပြည်နယ်မှာတော့ စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းခွဲအထိိ ရှိလာနေပြီဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts