spot_imgspot_imgspot_imgspot_img
Saturday, July 20, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့ ကယားဖူး နှစ်ခြင်းဘုရားကျောင်းရှေ့မှာ မိုင်းတချို့ကို KNDF B-19 ရှင်းလင်း

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့၊ ရူးဖယ်ခူရပ်ကွက်၊ ကယားဖူး နှစ်ခြင်းဘုရားကျောင်းရှေ့ လမ်းမကြီးမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတချို့ကို ယမန့်နေ့ ( ဩဂုတ်လ ၁၉ ရက် ) နေ့မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF B-19 ) က ထုတ်ပြန်ထားပါတယ်။

မြေမြုပ်မိုင်းဖြစ်တဲ့ ၁၆ မိုင်း ၇လုံး|မြေမြုပ်မိုင်းဖြစ်တဲ့ 14မိုင်း ၁လုံး|ဆွဲမိုင်း၁လုံး|ကားမိုင်း၁လုံး ကို ရှင်းလင်းနိူင်ခဲ့သည်။

နင်းမိုင်းလို့ခေါ်တဲ့ M 14 ဟာ ပလတ်စတစ်မိုင်းလို့လည်း ခေါ်ကြပါတယ်။ ၉၆.၈ ဂရမ်အလေးချိန်ရှိပြီး ပေါက်ကွဲဖို့အတွက် ပေါင်ချိန် ၂၀ကနေ ၃၀အတွင်းက ဖိအားတွေလိုအပ်ပါတယ်။
M 14 မြေမြုပ်မိုင်းနင်းမိသူဟာ နင်းမိတဲ့နေရာကနေစပြီး ၁၀လက်မအထက်အထိ ထိခိုက်စေနိုင်ပါတယ်။ ၂၀၀၈ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သေးငယ်ပေါ့ပါးတဲ့အတွက် အသုံးများကြပါတယ်။
ဩဂုတ်လ ၁၈ရက်နေ့ ဒီးမော့ဆို မြို့မစျေးအနီးမှာလည်း စစ်ကောင်စီနဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့ မှာထုတ်ပြန်ထားပါတယ်။

spot_img
spot_img