spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ ၅နှစ်အောက် ကလေးငယ်များ ရာသီတုပ်ကွေးအဖြစ်များပြီး ဆေး၀ါးလုံလောက်မှုမရှိ၊ ဆေးမီးတိုတွေနဲ့ ကုသနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းအများစုမှာ ရာသီတုပ်ကွေးဖြစ်နေတဲ့ ၅နှစ်အောက်ကလေးငယ်တွေအတွက် ဆေး၀ါးလုံလောက်မှုမရှိဘူးလို့ ကျန်းမာရေး၀န်ထမ်းတစ်ဦးက ပြောပါတယ်။

“၅နှစ်အောက်ကလေး အဖြစ်များတယ်။ ၅နှစ်အောက် ဆေး ပြောမယ်ဆို ဆေးအလုံလောက်တော့ မရှိဘူးပေါ့နော။ လုံးလုံးမရှိတာ။ အခုလောဆယ်ဆိုလည်းမရှိဘူး။ အဓိက လ သား ကလေးအတွက်ဆိုရင်လည်း ဆေးက လိုတာပေါ့။ အရေးကြီးတယ်” လို့ ကျန်းမာရေး၀န်ထမ်းတစ်ဦးက ပြောပါတယ်။

ရာသီအကူးအပြောင်းကာလရောက်တိုင်း ကလေးငယ်တွေမှာ နှာစေး၊ နှာရည်ယို၊ ချောင်းဆိုး၊ ခန္ဓာကိုယ် အပူချိန်မြှင့်တက်တာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေအတွက် ဆေးဝါးတွေ အဓိကလိုအပ်ပေမယ့် ဆေး၀ါးပြတ်လပ်မှုလည်း မကြာခဏကြုံရတယ်လို့ ဆိုပါတယ်။

ဆေး၀ါးရရှိမှုအခက်အခဲကြောင့် စစ်ရှောင်မိဘတချို့ဟာ ဆေးမှီးတိုလို့ခေါ်တဲ့ အိမ်တွင်းလုပ် စပ်ဆေးတွေနဲ့သာ ကလေးငယ်တွေကို ကုသကြရတယ်လို့ ဆိုပါတယ်။

” ကလေးတွေအရမ်းဖျားပြီးတော့ ဆေးခန်းသွားပြီး ဆေးမရှိတဲ့အချိန်မျိုးတွေ ရှိတယ်ပေါ့နော။ အဲ့အချိန်မျိုးဆိုရင်တော့ ကိုယ့်အိမ်မှာ ကိုယ့်ဟာကိုယ် ဆေးမှီးတိုတွေစပ်ပြီးတော့ ကြားဖူးနား၀ ရှိတဲ့အတိုင်း တိုက်လိုက်ရတယ်ပေါ့နော” လို့ မိခင်တစ်ဦးက ဆိုပါတယ်။

ကလေးငယ်တွေ ရာသီတုပ်ကွေးဖြစ်တဲ့အခါ တစ်ပတ်၊နှစ်ပတ် စသဖြင့် ကြာမြှင့်တတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ ကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်နေပြီး အဲ့ဒီထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ အများဆုံး ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts