spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးတွေပစ်ခတ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို စစ်ကောင်စီရဲ့ ဒီးမော့ဆိုခြေစိုက်တပ်ရင်းတွေကနေ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေပါတယ်။

ဒီကနေ့ ဇွန်လ (၃၀) ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီး (၇) လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

“ပထမက ၃ လုံးပစ်တယ်။ နောက် နာရီဝက်ကျော်မှ ၄ လုံးထပ်ပစ်တယ်။ မကွဲတဲ့ လက်နက်ကြီးလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုရှိ၊ မရှိကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ အရင်ပတ်ကတည်းက တောက်လျှောက်ပစ်နေတာ။ သောကြာနေ့ညကလည်း ( ဇွန်လ ၂၇ ) ညအချိန် ၁၁ နာရီရှိနေပြီ လက်နက်ကြီးပစ်တာ။ ကျမကြားတာကတော့ ၃လုံး။ ဘယ်နေရာမှာကျရောက် ပေါက်ကွဲလဲတော့ သေချာမသိနိုင်ဘူးပေါ့။ ကလေးတွေအတွက် စိုးရိမ်တာပေါ့နော။ သူတို့က ပိုကြောက်တယ်။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ (၁၀၂) နဲ့ ခမရ ၄၂၇ တပ်ရင်းတို့ ရှိပါတယ်။

စစ်ကောင်စီက အခုလို လက်နက်ကြီးတွေ မကြာခဏပစ်ခတ်မှုရှိသလို ကင်းထောက်လေယာဥ်တွေ မကြာခဏ ပျံဝဲနေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

spot_img

Recent posts