spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ (၁၆)ရက်နေ့ မှာ ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ ဝါသောခိုရွာဟောင်းရဲ့ လမ်းဘေးတောတွင်းတနေရာမှာ သေဆုံးနေတဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကရင်နီပြည် ရဲဌာန က ပြောပါတယ်။

“ကျနော်တို့အရင် တွေ့တာတော့မဟုတ်ဘူး။ မုဆိုးတစ်ယောက်ကတွေ့တော့ အုပ်ချုပ်ရေးမူးကပြောပြီး အဲ့ကနေတဆင့် ကျနော်တို့ကို ပြန်ပြီးတော့မှ တိုင်တော့ အတူတူပူးတွဲဆောင်ရွက်တာပေါ့။ သွားကြည့်တဲ့ခါ အလောင်းက အတော်လေးကုန်သလောက် ပုပ်တိုးသွားပြီ။” လို့ ကရင်နီပြည် ရဲဌာန KSP အမှတ် ၉ စခန်းရဲ့ တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီး သေဆုံးတဲ့နေရာနဲ့ သူမ စစ်ရှောင်တဲ့ နေရာဟာ အနည်းဆုံး ၃ မိုင်နီးပါး ရှိတယ်လို့လဲ ရဲအရာရှိက ဆိုပါတယ်။

အဆိုပါ အမျိုးသမီးဟာ ပျောက်ဆုံးနေတာ ၁၅ ရက်ဝန်းကျင် ကြာပြီဖြစ်သလို စိတ်မနှံ့သူဖြစ်တယ်လို့လဲ သ်ိရပါတယ်။

“သူ့မိသားစု ပြောတာတော့ သူပျောက်နေတာ ကျနော့် ရဲဘော် ပြောပုံအရ (၁၅)ရက်ဝန်းကျင်လောက် ရှိပြီ ပြောတာပဲ။ ပြီးတော့ သူက စိတ်မနှံ့ဘူး။ ဆိုက်ကို ရှိတာပေါ့။” လို့ တာဝန်ကျရဲအရာရှိ က ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို သူမသေဆုံးတဲ့ နေရာမှာပင် မိသားစုဝင်များရဲ့သဘောတူညီချက်နဲ့ တာဝန်ရှိသူများက မီးရှို့သဂြိုလ်တာတွေ ပြုလုပ်ခဲ့တယ်လို့လဲ ဆိုပါတယ်။

သေဆုံးသူမှာ ဒေါ်နန်းယိင်း ဖြစ်ပြီး အသက်(၆၅)နှစ်ရှိပြီလို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာဇာတိဖြစ်ပြီး စစ်ဘေးရှောင်ရင်း ပျောက်ဆုံးကာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts