spot_img
Sunday, February 5, 2023
spot_img

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ၁၀ နှစ်အောက် စစ်ရှောင်ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များနေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ ဇွန်လအစပိုင်းကနေစပြီး ၁၀နှစ်အောက် ကလေးငယ်တွေ ရာသီတုပ်ကွေး အဖြစ်များလာနေတယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ သူတွေက ဆိုကြပါတယ်။ စစ်ရှောင်ကလေးငယ်တွေ အခုလို ဖျားနာတာနေတာ နှစ်ပတ်ဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

“ဘယ်လိုရောဂါလဲဆိုရင် ရာသီတုပ်ကွေးပဲထင်တယ်။ ဖျားတယ်။ နှာစီးတယ်။ ချောင်းဆိုးတယ်။ ဒီလောက်ပါပဲ။ ရောဂါ လက္ခာဏာက အဲ့တာပဲ ဖြစ်တယ်။ ပြင်းပြင်းထန်ထန်မျိုးတော့ မဖြစ်ဘူး။ ကိုယ်ပူတာများတာပေါ့။ ပြီးတော့ ချောင်းဆိုးတာ ကိုယ်ပူပြီးလို့ရှိရင် ချောင်းလိုက်ဆိုးတာ” လို့ စစ်ရှောင်စခန်း ဆေးဆရာမတစ်ဦးက ပြောပါတယ်။

၃ရက် ကနေ ၅ ရက်အထိ ဖျားနာကြပြီး အများအားဖြင့် ၅နှစ်အောက် ကလေးငယ်တွေ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။ တောတောင်ထဲ နေရတာဖြစ်သလို ခြင်တွေ ပေါတဲ့အတွက် အခုလို ဖျားနာတာတွေ ဖြစ်နိုင်တယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

စစ်ရှောင်တွေအနေနဲ့ ကျေးရွာထဲ ပြန်နေချင်ကြပေမယ့် လက်နက်ကြီး ဒဏ်ကို ကြောက်နေရတဲ့အတွက် အခုလို တောထဲ စစ်ရှောင်စခန်းမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်းမာရေးအတွက် အခက်ခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကလေးတွေလည်း နှာစီးချောင်းဆိုး ဖြစ်နေကြတယ်။ အကယ်၍ ညအချိန် အဖျားတက်လာရင် ဘယ်နား သွားပြရမလဲ အဲ့လိုမျိုးပေါ့။ ဖျားနာတာတွေ မရှိရင် နေလို့ပျော်တာပဲလေ။ ဖျားနာတာတွေ ပြီး ကလေးငယ်တွေ နေမကောင်း ဖြစ်ရင် ကျမကလေး မဟုတ်လည်း သူများကလေး နေမကောင်း ဖြစ်တာမြင်ရင် စိတ်မကောင်းဘူ” လို့ စစ်ရှောင်နေတဲ့ ကလေးမိခင်တစ်ဦးက ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာပဲ ကလေးတွေကို စာသင်ကြားပေးတာတွေလည်း ရှိပြီး တစ်ဆင့်ပြီးတစ်ဆင့် ရောဂါကူးစက်တာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ လက်ရှိ ဖျားနာနေတဲ့ ကလေးတွေကို ပါရာစီတမော နဲ့ ချောင်းဆိုးပျောက်ဆေး တွေကိုသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ဆေးဆရာမက ပြောပါတယ်။

“ဆေးက အလုံအလောက်တော့ မရှိဘူး။ လောလောဆယ် ကျမတို့ဆီမှာလည်း ဆေးမရှိတော့ဘူး။ ပြတ်နေတယ်။ အဓိကတော့ ကျမတို့က ဆေးအလုံအလောက်တော့ ရချင်တာပေါ့။ နောက် ကျန်းမာရေး စောင့်ရှောက်မှုလည်း ဒီဖက် နယ်လှည့်ကတော့ လာတော့လာပါတယ်။ ဒါပေမယ့် တစ်လ တစ်ခါလား အဲ့လောက်ပဲရှိတယ်။ ဒီထက်ပိုပြီးတော့ လာစေချင်တယ်ပေါ့။ တစ်လကို အနည်းဆုံး ၂ ခါလောက်ဖြစ်ဖြစ် လာစေချင်တယ်ပေါ့” လို့ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းဟာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး စစ်ရှောင်အိမ်ခြေ (၆၉) အိမ်ရှိပြီး လူဦးရေ (၃၀၀) ကျော် ရှိပါတယ်။ စစ်ရှောင်စခန်းမှာ ဆယ်နှစ်အောက် ကလေးငယ် ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်တိုက်ပွဲအတွင်း စစ်ကောင်စီ (၁၅)ဦး ထက်မနည်းသေဆုံး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ပျက်စီးမှုရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် လွိုင်ကော်မြို့နယ်တစ်နေရာမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၄ရက်) ည အချိန် စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။ “ ရန်သူဖက် ၁၅ယောက်သေတယ်လို့ ပြောတယ်။ ကျနော်တို့ဖက် KNDFက တစ်ယောက် ဒဏ်ရာရတယ်။ PDFဖက်က...

မိုးဗြဲစျေးမှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဈေးပိတ်သိမ်းခဲ့

ကန္တာရဝတီတိုင်း( မ် ) ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့ လည် ၁၂ နာရီ ဝန်းကျင်အချိန်မှာ ရှမ်း- ကရင်နီနယ်စပ် မိုးဗြဲမြို့ စျေးထဲ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်ဒေသခံတွေဆီကနေ သိရပါတယ်။ “စျေးထဲမှာ လူတစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်လေ။ နောက်ကျနော်ကြည့်တဲ့အခါတော့...

လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်ဆေးခန်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ (ဖေဖော်ဝါရီလ ၃ရက်) က ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ဆေးခန်းတစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။ “ မနေ့ည ၆နာရီ ခွဲပေါ့ အဲ့မှာ လေယာဉ်တစ်စင်းနဲ့ လာပစ်တယ်။...

ကရင်နီပြည်မှာ ဇန်နဝါရီလ တစ်လအတွင်း တိုက်ပွဲ (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်မှာ ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကော်စီဖက် (၂၂)ဦး သေဆုံးခဲ့သလို KNDFမှရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ (ဖေဖော်ဝါရီ ၃ရက်နေ့ ) မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့သလို လက်ရှိအချိန်ထိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက...