spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ စစ်ရှောင်စခန်းတွေမှာ ဆယ်နှစ်အောက်ကလေးတွေ တုပ်ကွေးအဖြစ်များနေ

Author

Date

Category

ယောဒန်(Newsland)

ကရင်နီပြည်၊ ဒီမော့ဆိုမြို့ နယ် အနောက်ဖက်ခြမ်း လွိုင်နန်းဖ တောင်ကြောတစ်လျောက်က စစ်ရှောင်စခန်းတွေမှာ ဆယ်နှစ်အောက်ကလေးတွေ တုပ်ကွေးအဖြစ်များနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

မိုးရာသီအစပိုင်းဖြစ်တဲ့ ဇွန်လ ကနေစပြီး စစ်ရှောင်စခန်း နဲ့ အနီးအနားပတ်ဝန်းကျင်က ဒေသခံ ကျေးရွာ ၆ခုလောက်မှာ တုပ်ကွေးဖြစ်ပွားမှု များပြားလာတယ်လို့ ဆိုပါတယ်။

ဆောင်စန်း ၊ဆည်ဘောင်အောက်၊ ဟောရှာဏ၊ ထီးစဒေါရွာသစ် စတဲ့ ရွာတွေနဲ့ နီးစပ်တဲ့နေရာက စစ်ရှောင်စခန်းတွေမှာ တုပ်ကွေးဖြစ်နေကြတယ်လို့ စေတနာ့ဝန်ထမ်း ကျန်းမာရေးဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ကီးလေး က အခုလို ပြောပါတယ်။

“ခန့်မှန်းကြည့်မယ်ဆိုရင်တော့ ကလေးက သုံးပုံတစ်ပုံလောက်က အဲ့မျိုး ရောဂါ နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ ၊ နောက် တချို့ကလေးတွေက ရေကျောက် ပုံစံမျိုးတွေ့ရတာပေါ့နော်”လို့ သူက ပြောပါတယ်။

ဆောင်စန်း စစ်ရှောင်စခန်းမှာ ဇူလိုင်လ ၉ ရက်က မူကကြိုကလေး အယောက် ၂၀ ရှိတဲ့အနက် ၉ ယောက်သာ ကျောင်းတက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူကြီး တချို့လည်းတုပ်ကွေးဖြစ်ပွားနေပြီး ရာသီတုပ်ကွေး လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူ၊ ချောင်းဆိုး၊နှာစေး စတာတွေ ခံစားနေရပြီး တချို့မှာတော့ ဝမ်းပျက်တာ သုံးရက်ကနေ တစ်ပတ်ထိ ဖျားနေတာမျိုးတွေလဲ ရှိတယ်လို့ ဆိုပါတယ်။

“ ရောဂါခံစားနေရသူများလာပေမဲ့ ဆေးဝယ်ရတာလည်း ခက်ခဲမှုတွေရှိတယ်၊ ဆေးရုံ ဆေးခန်း သွားရတာ ဝေးတယ်။ တချို့က သွားဖို့လာဖို့ ဆိုင်ကယ်မရှိဘူး။ တချို့က ဆိုင်ကယ်ရှိပေမဲ့ ဓာတ်ဆီဖိုးမရှိဘူး။ အဲလိုအခြေအနေတွေမှာ ရှိတဲ့ဆေးနဲ့ပဲ အဆင်ပြေ သင့်တော်သလို ကုသပေးနေရတယ်။” လို့ ဒေါ်ကီးလေး က ပြောပါတယ်။

တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ ဆောင်စန်းစစ်ရှောင်စခန်းမှာ ဒီမော့ဆို၊ လွိုင်ကော်၊ ငွေတောင်၊ နန်းမယ်ခုံ၊ ဝါရီဆူးပလိုင် စတဲ့‌ နေရာတွေကနေ လာရောက်စစ်ရှောင်နေထိုင်ကြပြီး အိမ်‌ခြေ ၆၀ကျော် နဲ့ လူဦးရေ ၂၅၀ကျော်‌ ရှိပါတယ်။ လွိုင်နန်းဖ ဖက်ခြမ်း မှာတော့ စစ်ရှောင်စခန်း ၁၆ခုရှိ ပြီး ဒေသခံ ကျေးရွာ ၁၂ ရွာ ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts