spot_img
Tuesday, January 31, 2023
spot_img

ဒီးမော့ဆို မှာ ပစ်ခတ်မှုရှိနေ

spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး နားမှာ မွန်းလွဲ ၁နာရီ ၈မိနစ်အချိန်ကစပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားနေ ပါတယ်။

လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒီးမော့ဆို ပြည်သူ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” အခြေအနေက ကျနော်တို့ကို ဗုံးကြီးချနေတယ်။ လက်နက်ကြီးက နှစ်ချက်ကြားရပြီ။ နှစ်ချက် အခုတော့ ခဏကလိုတော့ မပြင်းထန်တော့ဘူး။ “

ဒီးမော့ဆို ထွေအုပ်ရုံးနားအပြင် ဒေါငံခါးမှာလည်း ပစ်ခတ်နေပြီး စစ်ကောင်စီဘက်က အင်အားများတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပွောပါတယျ။

” ဒေါငံခါးမှာလည်းပစ်နေတယ်။ ဒေါငံခါးတံတားထိပ်မှာ။ စစ်ကောင်စီဘက်က အင်အားများတယ်။ ကျနော်တို့ဘက်က အင်အားနည်းနေတယ်။ “

ဒီးမော့ဆိုမှာ စစ်ကောင်စီနဲ့ PDF တို့ မေလ ၂၁ရက် ကနေစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပါတယ်။

Related Stories