spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ဖက်ခြမ်းက လေးမိုင်ဈေးတန်းလမ်းဆုံမှာ ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ဒီကနေ့ ဇွန်လ (၂)ရက်နေ့ နေ့လည် (၂)နာရီခွဲ ဝန်းကျင်အချိန်မှာ ဒီးမော့ဆို အနောက်ဖက်ခြမ်းက လေးမိုင်ဈေးတန်း လမ်းဆုံတစ်နေရာမှာ 4 wheels ကား နဲ့ 125 Kenbo ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

“ဆိုင်ကယ်က လွိုင်နန်းဖဖက်ကနေလာတယ် ကားကလည်း ဖြေးဖြေးလေးပဲလာတာပဲ ကားကနည်းနည်းလွှဲသွားတယ် ဒီဖက်ကို ယူရမယ့်ဟာ ဟိုဖက်ကိုယူလိုက်တော့ ဆိုင်ကယ်ကလွန်သွားပြီ။ ဆိုင်ကယ်က မှောက်သွားပြီ။ နောက်ပြီးတော့ ကျနော်တို့သွားကြည့်တော့ လှဲသွားတဲ့ထဲက တစ်ယောက်က တစ်ချက်လေးပဲအသက်ရှူပြီးတော့ သေသွားတယ်။ နောက်တစ်ယောက်ကတော့ ဆေးတွေကုပေးပြီးတော့ ကားနဲ့တင်သွားတယ်။” လို့ ယာဉ်တိုက်မှုကို မျက်မြင်တွေ‌ရှိသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းနှင်သူ အသက်(၄၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှာ ‌ဦးခေါင်းပေါက် နံရိုးကျိုးဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်နောက်ကလိုက်ပါစီးနှင်းသူတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဆိုင်ကယ် မောင်း‌နှင်လာသူနှစ်ဦးကတော့ လွိုင်နန်းဖမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်တွေဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့ ဇွန်လ (၁)ရက်နေ့မှာလည်း လေးမိုင် အက်စ်ကွေ့ မှာ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ယခု ဇွန်လ ၂ ရက်အတွင်း ဒီးမော့ဆိုအနောက်ခြမ်းမှာ ယာဉ်တိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

spot_img
spot_img

Recent posts