spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကရင်နီရိုးရာ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲ ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ရက်နေ့ကနေ ၁၃ရက်နေ့အထိ အကျဉ်းချုပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအခြေအနေကြောင့် အခုလို အကျဉ်းချုပ်ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရိုးရာဓလေ့ကို မပပျောက်အောင် မဖြစ်မနေကျင်းပရတာဖြစ်တယ်လို့ ဒေသခံ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“အရင်တုန်းကဆို ညလုံးပေါက် ကလို့ရတယ်။ ဒါပေမဲ့ အခုခါကြတော့ ညလုံးပေါက် မကရတော့ဘူး။ နေ့ခင်းပဲ ကခိုင်းတယ် အဲ့လိုပေါ့နော်။ ရွာရဲ့ စီးပွားရေး အခြေအနေကြောင့်လည်း ပြောရမှာပေါ့။ ပွဲအကြီးကျယ်တော့ မလုပ်နိုင်‌တော့ဘူးပေါ့။ ဒါပေမဲ့ ရိုးရာမဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောပုံစံမျိုး ကိုယ့်ကိုယ်ပဲပျော်တယ် ကိုယ့်ကိုယ်ပဲ လုပ်တယ်။ ဧည့်သည်ကိုလည်း မခေါ်တော့ဘူး အဲ့လိုမျိုးလုပ်တယ်ပေါ့နော်။” လို့ ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ဒိုပေါ်မှီ( ခေါ် ) ဒီးကူပွဲကို အကျဉ်းချုပ်ပြုလုပ်တဲ့အတွက် နှစ်စဉ်ပြုလုပ်နေကျ မီးကျည်လွှတ်တာ၊ ဆွေမျိုးမိတ်ဆွေတွေကို ဖိတ်ခေါ်တာတွေ မပြုလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ပွဲက အရင်နှစ်ထက်စာရင်တော့ လူပိုများလာပါတယ်။ ဘာလို့ဆို အရင်နှစ်က စစ်ဘေးတိမ်းရှောင်ပြီး လူက အဲ့လောက်ထိ မပြန်ရဲကြသေးဘူးလေ။ ဒီနှစ်က လူဦးရေပဲ ပိုများလာတယ် ပွဲလုပ်တဲ့ပုံစံတော့ မဖြစ်မနေလုပ်ရတဲ့ သဘောနဲ့ ဖြစ်မြောက်အောင် လုပ်လိုက်ရတယ် အဲ့လိုပေါ့နော်။ အခုက စီးပွားရေးအဆင်မပြေကြလို့ မပျော်ပါးနိုင်ကြတာကော နိုင်ငံရေးအခြေအနေကြောင့် လွတ်လွတ်လပ်လပ် မပျော်ရတာကော။ လုံခြုံရေးလည်း စိတ်ပူရနဲ့ ပွဲသာလုပ်နေရတာ စိတ်က ပျော်ရွှင်ရတယ်လို့လည်း မခံစားရဘူး”လို့ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဲ့ဒိုပေါ်မှီ( ခေါ် ) ဒီးကူပွဲကို ရိုးရာဓလေ့အရ နှစ်စဉ် တစ်နှစ်တစ်ကြိမ် ဩဂုတ်လကနေ စတင်ပြုလုပ်ကြပြီး အောက်တိုဘာလအထိ တစ်ရွာပြီးတစ်ရွာ အလှည့်ကျ ပြုလုပ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ကျေးရွာအတွင်း လူအနည်းစုသာ ပြန်လာပြီး အကျဥ်းချုပ်ပြုလုပ်ခဲ့ကြသလို ဒီနှစ်မှာလည်း ရှိတဲ့ ကျေးရွာခံတွေနဲ့ ပူးပေါင်း ကျင်းပခဲ့ကြတာပါ။

ကရင်နီရိုးရာပွဲတော်ကြီးတခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို နှစ်စဉ် ဩဂုတ်လကနေ အောက်တိုဘာလထိ နေရာဒေသအသီးသီးမှာ ခမ်းနားစွာ ကျင်းပလေ့ရှိကြပါတယ်။ သို့ပေမယ့် ကိုဗစ်ကာလ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေအရ ခမ်းနားစွာ မကျင်းပနိုင်တော့ပေမယ့် ရိုးရာမပပျောက်အောင် ရောက်လေရာအရပ်ကနေ ပွဲတော်ကို ပြုလုပ်ကြပါတယ်။

spot_img

Recent posts