spot_imgspot_imgspot_imgspot_img
Friday, March 28, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ယခုနှစ်အတွင်း ပြန်လည်ဖွင့်လှစ်တဲ့ စာသင်ကျောင်း ၉ ကျောင်းအတွက် လိုအပ်ချက်များပြား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ပြီးခဲ့နှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ပိတ်ထားခဲ့ရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စာသင်ကျောင်း ၉ကျောင်းဟာ လက်ရှိအချိန်မှာ ကျောင်းတွေဖွင့်လှစ်နေပေမယ့် အခက်အခဲတွေရှိနေပြီး လိုအပ်ချက်များပြားနေဆဲ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရဲ့မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာရေးကိရိယာတွေ လိုအပ်မှုတွေ များတယ်လို့လည်း ဆိုထားပါတယ်။

“Project လုံးဝ မဝင်သေးတဲ့ကျောင်းကတော့ မင်ရည်၊ သင်ထောက်ကူတွေ ကျောင်းသုံးဆောင် ပစ္စည်းတွေ တကယ်ကို လိုအပ်နေတယ်။”လို့ မြို့နယ် ပညာရေးမှူးက ပြောပါတယ်။

လိုအပ်ချက်ရှိနေတဲ့ စာသင်ကျောင်းတွေကတော့ ဒေါတမကြီးအုပ်စုမှာ ၃ ကျောင်း နဲ့ ထီးဖိုးကလိုးအုပ်စု မှာ ၆ ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရေကြီးရေလျှံမှုတွေကြောင့် ပွန်ချောင်းဘေးက စစ်ဘေးရှောင်စခန်းရဲ့ စာသင်ကျောင်း ၂ကျောင်း ကလည်း တစ်လနီးပါ ပိတ်ထားခဲ့ရပါသေးတယ်။

ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းမှာလည်း စာသင်ကျောင်းဆောင်တွေ ပျက်စီးသွားတာကြောင့် ပြန်လည်ဆောက်လုပ် ပြင်ဆင်ဖို့ လိုအပ်သလို အမိုးအကာအတွက်လည်း အကူအညီတွေ လိုအပ်နေပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စာသင်ကျောင်းပေါင်း (၂၇) ကျောင်းရှိပြီး အများစုဟာ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတာပါ။ ကျောင်းသူ၊ ကျောင်းသား ဦးရေ သုံးထောင်ကျော်ရှိနေပြီး သင်ကြားပေးနေတဲ့ ဆရာ၊ မ ဦးရေ သုံးရာကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts