spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေရဲ့ ပြောပြချက်

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်အချိန်မှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူထိခိုက်သေဆုံးမှုအပြင် ဘုရားကျောင်း၊ စပါးကျီ၊ အိမ်စီးကား ၊ နေအိမ် ၁၀လုံးဝန်းကျင်လည်း ပျက်စီးခဲ့ရပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ စက်တင်ဘာလ ၅ရက်နေ့မှာ တစ်ကြိမ် ၊ နိုဝင်ဘာလ ၁၈ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရှိပြီဖြစ်ပြီး ကန္တာရဝတီတိုင်း (မ်) ‌ရဲ့ အချက်အလက်အရ အသက် ၁၅နှစ်အောက်ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၁ ယောက်ရှိပါတယ်။ ဘန်ကောက်စစ်ရှောင်စခန်းကို နှစ်ကြိမ်တိုင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကို ကြုံတွေ့တဲ့ စခန်းနေသူတွေရဲ့ ပြောပြချက်ကို တင်ဆက်ထားပါတယ်။

spot_img
spot_img