spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

ဒေါစဲကျေးရွာမှာ စစ်ကောင်စီရန်းသမ်းပစ်တဲ့ လက်နက်ကြီး ကျရောက်

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့(ဧပြီလ ၃ရက်) မနက် (၁)နာရီအချိန် စစ်ကောင်စီကနေပြီး လက်နက်ကြီး ရန်းသမ်းပစ်ခတ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲကျေးရွာထဲ ကျရောက်ခဲ့ပါတယ်။ လက်နက်ကြီး အနည်းဆုံး ငါးလုံး ဝန်းကျင် ပစ်ခတ်ခဲ့ပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ KNDF B-09 က ထုတ်ပြန်ပါတယ်။ ဒေါစဲကျေးရွာမှာဆိုရင် ပြည်သူအများစုကတော့စစ်ရှောင်နေကြ ပါတယ်။

၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ရန်းသမ်းပစ်ခတ်နေတာ ဖြစ်ပါတယ်။

ဒီးမော့ဆို မြို့နယ်မှာဆိုရင် စစ်ကောင်စီ လက်နက်ကြီး ရန်းသမ်းပစ်ခတ်တာတွေမကြာခဏ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နံနက်အချိန်မှာ ကွိုင်ငံကျေးရွာကို လက်နက်ကြီးကျရောက်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မတ်လ၂၈ ရက်နေ့မှာ ဒေါတော်ကူးကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မတ်လ(၁၃)ရက်နဲ့ (၁၈)ရက်မှာ ဒီးမော့ဆို အရှေ့ဖက်ခြမ်း တနီးလားလဲကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

spot_img
spot_img