spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် ဒေသခံပြည်သူအတွက် “အခမဲ့ဆေးခန်း” ဖွင့်လှစ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် “ အခမဲ့ ဆေးခန်း “ ကို ဖွင့်လှစ်ထားတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ Clean Yangon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဲ့ဒီ ဆေးခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ထားပြီး ငွေကြေးမတတ်နိုင်တဲ့ ပြည်သူတွေ ကျန်းမာရေးစောင့်‌ရှောက်ခွင့်ပိုမိုရရှိဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“သူတို့ ဒီဆေးခန်းလေးသွားပြရင် ငါတို့ ပိုက်ဆံမကုန်ဘူး။ နောက်တစ်ခုက စစ်ရှောင်တွေဖြစ်တဲ့အလျောက်ပေါ့နော်။ ဝင်ငွေမရတဲ့သူကများတယ် ဝင်ငွေမရှာနိုင်တဲ့သူက နည်းတယ်ဆိုတဲ့အခါမှာ ဒီလိုမျိုး ငွေရေးကြေးရေးပိုင်း စိတ်ဖိစီးမှုကိုလည်း တစ်ဖက်တစ်လမ်းက လျော့နည်းစေချင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျမတို့က အခမဲ့ဆိုပြီးတော့ ဒီဆေးခန်းကို ဖွင့်လှစ်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာပါ။” လို့ Clean Yangon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဆေးခန်းကို လာရောက်ပြသတဲ့ ဒေသခံပြည်သူအများစုဟာ နာတာရှည်ရောဂါ အများစု ခံစားနေရပြီး လက်ရှိ မိုးရာသီကာလမှာလည်း ရာသီတုပ်ကွေးအဖြစ်များနေကြတယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ ကျန်းမာရေးအခြေအနေကို စိတ်ပူနေရတဲ့အပြင် ဆေးရုံ ၊ ဆေးခန်း သွားရောက်ပြသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“အခုကာလက မိုးတွင်းလည်းဖြစ်တယ် အဲ့ဒီလိုခါကြတော့ ရာသီတုပ်ကွေးတွေများတယ်။ နောက်တစ်ခုကျတော့ နာတာရှည်ပေါ့နော် နာတာရှည်ကျန်းမာရေးမကောင်းတဲ့ လူနာတွေပေါ့နော်။ ဥပမာ သွေးတိုး ၊ဆီးချို ၊ နှလုံးပေါ့နော် ဒီနာတာရှည် ရာသက်ပန် ဆေးသုံးရမည့်လူတွေ။ နောက်တစ်ခုကျတော့ ဒီဖက်ဒေသမှာက အရေပြားရောဂါပေါ့နော် အရေပြား ရောဂါဝေဒနာတွေ အများဆုံးတွေ့ရတယ်။”လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာလည်း အဖြစ်များနေတဲ့ ရောဂါ နဲ့ ဆက်စပ်တဲ့ အသိပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးပိုင်း စောင့်ရှောက်မှုပေးနေတဲ့အဖွဲ့တွေကနေ “Health Education” ဆောင်ရွက်ပေးနေတာရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts