spot_imgspot_imgspot_imgspot_img
Saturday, October 5, 2024
spot_imgspot_imgspot_imgspot_img

နည်းပညာတက္ကသိုလ်မှာ ကျောင်းပြန်တက်သူသုံးဦးသာရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှာ အာဏာသိမ်းစစ်ကောင်စီက ကျောင်းပြန်ဖွင့်ရင်တက်မယ်လို့ အကြောင်းကြားထားတဲ့ နောက်ဆုံးနှစ်ကျောင်းသူ/သား ၆၃ဦးရှိတဲ့အနက် ၃ဦးသာ ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးနှစ်ကျောင်းသားမိဘတချို့ ကို မော်ကွန်းထိန်းကိုယ်တိုင်က ကျောင်းပြန်တက်မယ်လို့ မေလ ၅ရက်နေ့မှာ အကြောင်းကြားဖို့ ဖိအားပေးညွှန်ကြားထားတယ်လို့လည်း မြို့ပြအင်ဂျင်နီယာနောက်ဆုံးနှစ်ကျောင်းသား တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်းစီက ကျောင်းပြန်ဖွင့်မယ်လို့ ကြေညာထားပြီး တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့ ဖုန်းဆက်ပြောကြားသွားတာဖြစ်တယ်လို့သိရပါတယ်။

နောက်ဆုံးနှစ်ကျောင်းသား အယောက်၆၀ကတော့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ သူကပြောပါတယ်။

” ကျနော်တို့က အရင်စနစ်တွေလိုမျိုး B.Techတွေ GTI ဘွဲ့တွေလည်း မရခဲ့ဘူး။ ကျနော်တို့ ဒီမှာသာ တခုခု ကျနော်တို့ကို ကျောင်းထုတ်ပစ်တာတို့ ရပ်နားတာတို့ လုပ်မယ်ဆိုရင် ကျနော်တို့ သာမာန်ဆယ်တန်းအောင်ဘဝကို ပြန်ရောက်သွာမှာဗျ။ ကျနော်တို့ ခြောက်နှစ်လုံးလုံးတက်လာပြီးတော့မှ အခြေအနေ အင်ဂျင်နီယာ ဖြစ်ဖို့ လက်တစ်ကမ်း လာတက်ပါဆိုတဲ့ အချိန်မှာ ကျနော်တို့က မတက်ပဲနဲ့ လုံးဝနောက်ဆုံးအချိန်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်သွားမှာပါဗျ။ “

နှစ်စဉ် နောက်ဆုံးနှစ်ကျောင်းသားတွေက ဒုတိယနှစ်ဝက်ကို မေလမှာ ပုံမှန်ကျောင်း
တက်နေကြတာဖြစ်ပါတယ်။

နည်းပြဆရာ/မ တွေမှာလည်း စုစုပေါင်း ၉၂ ဦးရှိပြီးတော့ CDM က ၅၃ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံမှာတော့ စုစုပေါင်း ၃၅ဦးရှိတဲ့အနက် CDM က ၁၅ဦး ရှိပြီး နည်းပညာအထက်ကျောင်းမှာလည်း ဆရာ/မ ၄၀ နီးပါး ယာယီရပ်ဆိုင်းထားခံရတယ်လို့ သိရပါတယ်။

တခြား လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ နည်းပညာအထက်တန်းကျောင်းတွေမှာလည်း ကျောင်းပြန်တက်တဲ့ ကျောင်းသားတွေက စာရင်းရှိထက် ပိုနည်းနေတယ်လို့ ကြားသိရပါတယ်။

spot_img
spot_img

Recent posts