spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

နန်းစံဖူးချောင်းရေကျဆင်းသွားတဲ့အပေါ် ဒေသခံတွေရဲ့ စိုးရိမ်မှုစကားသံများ

ကန္တာရဝတီတိုင်း(မ်)

ငလျှင်ဒဏ်ကြောင့် ရေကျဆင်းပြီး နှောက်ကျိသွားတဲ့ နန်းစံဖူးချောင်းဟာ ရေကျဆင်းပြီး ၃ ရက်ကြာအထိ အသုံးပြုလို့မရသေးတဲ့အပေါ် ဒေသခံတွေရဲ့ စိုးရိမ်မူစကားသံတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

ဒေါ်သူဇာဖော
အသက် ၃၅ နှစ်အရွယ်

“ စိုးရိမ်ပူပန်မှုကတော့ ဒီရေက အများအားဖြင့်ပေါ့ ကျမတို့သုံးရတဲ့ရေပေါ့နော်။ ရွာခံပဲဖြစ်ဖြစ် ကျမတို့ စစ်ဘေးရှောင်ပေါ့နော်။ စစ်ရှောင်တာက ကျမတို့က ရေရှိတဲ့နေရာပဲ လာတယ်။ အခုကျတော့ ရေကြောင့် ပေါ့နော်။ ကျမတို့ စိုးရိမ်းမှု လာမည့်အရာပေါ့နော်။ ဘယ်လို့ ရေဝယ်ရမှာလဲပေါ့နော်။ ဒီတစ်ချောင်းနဲ့ပဲ ကျမတို့ သောက်သုံးနေတဲ့အတွက်ကြောင့်ပေါ့နော်။ ရေကလည်း ဒီးမော့ဆို အနောက်ဖက်ခြမ်းကဆိုရင် ဒီရေအားဖြင့် ကျမတို့ သုံးနေကြတယ်ဖြစ်တယ်။ ဒီလို့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ရေချိုးဆိုလည်း ပုံမှန်မချိုးရဘူးပေါ့နော်။ ပြီးတော့ နွေရာသီရောက်ပြီဆိုတော့ ပို့ပြီးတော့ရေက ပိုသုံးတယ် ပိုကုန်တယ်ပေါ့နော်။ စိုးရိမ်ရတယ် ဖြစ်လာမည့်အရာ ရေခမ်းခြောက်သွားမယ်ဆိုရင် တော်တော်လေး ကြောက်ရတာပေါ့ စိုးရိမ်းရတာပေါ့နော်။ ”

ဒေါ်နန်းမိုးသူဇာ
အသက် ၄၁ နှစ်အရွယ်

“ စိုးရိမ်တာပေါ့။ ကျမတို့ အခုဆို လက်ရှိ အခြေအနေဆိုရင် ကျမတို့ ဒီရေချောင်း ပဲပေါ့နော်။ နန်းစံဖူးချောင်းကိုပဲ အားကိုးနေရတာပေါ့နော်။ သောက်ရေပဲဖြစ်ဖြစ် သုံးရေပဲဖြစ်ဖြစ် ပြီးတော့ လျှော်တာ ဖွတ်တာပဲဖြစ်ဖြစ်ပေါ့နော်။ ဒီချောင်းကိုပဲ ကျမတို့ အားကိုးနေရတယ် ဖြစ်ပါတယ်ပေါ့နော်။ ဒါကြောင့်မလို အခုက ငလျှင်ဒဏ်ကြောင့် ဒီချောင်း အခုလိုမျိုးခမ်းခြောက်သွားတယ်မကဘူး အခုဆိုရင် ရွံ့တွေဘာတွေ အကုန်လုံး ဘယ်လို့ပြောရမှာလဲ အဲ့လိုဖြစ်သွားတဲ့အချိန်မှာ ကျမတို့ အရမ်းစိုးရိမ်တယ်ပေါ့နော်။ ပြီတော့ ကျမတို့ ဒီရေ ဒီအနောက်ဖက်ခြမ်းလုံးပဲပေါ့နော် ဒီရေချောင်းကိုပဲ အသုံးပြုတာပိုများတာပေါ့နော်။ ဒီအနောက်ဖက်တစ်ခြမ်းလုံးပဲ ကျမတို့ဒီစစ်ရှောင် ဒီ camp တစ်ခုပဲမဟုတ်ဘူးပေါ့နော်။ ”


ဒေါ်ရုသ
အသက် ၅
နှစ်အရွယ်

“ စိုးရိမ်ပူပန်ပါတယ် အများကြီးပဲ။ ကျမတို့က လာနေခြင်းဟာ ဒီရေကို အားကိုးခြင်းအားဖြင့် လာနေထိုင်နေပါတယ်။ သို့သော်ငြားလည်းပဲ အခုချိန်မှာပေါ့နော် ရေခမ်းသွားတဲ့အခါမှာ သွားပြီးတော့ ကိုယ်တိုင် သွားကြည့်တဲ့အခါမှာ အရမ်းစိုးရိမ်ပါတယ်။ ကျမတို့တစ်ယောက်တည်း တစ်အိမ်တည်းမဟုတ်ပါဘူး။ ကျမတို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းတစ်ခြမ်းလုံးပေါ့နော်။ ဒီရေကိုပဲအားကိုးပြီးတော့ နေထိုင်ပြီးတော့ သောက်သုံးကြပါတယ်။ သုံးစွဲကြပါတယ်။ အခုချိန်မှာ ရေခမ်းသွားတဲ့အချိန်မှာ ကျမတို့အတွက်စိုးရိမ်တယ်။ ဘာကြောင့်လဲဆို ကျမတို့ ရေဝယ်တဲ့အခါမှာလည်း ရေမခမ်းခင်မှာဆိုလို့ရှိရင် တစ်စီးကို (တစ်သောင်းနှစ်ထောင်)ပေးရပါတယ်။ အခုရေခမ်းသွားတဲ့အချိန်မှာကျတော့ ဘယ်မှာသွားခပ်ရမလဲလို့ စိုးရိမ်းကြတာပေါ့နော်။ ”

မူးမူ
အသက် ၃၅ နှစ်အရွယ်

“ စိုးရိမ်တာပေါ့။ ဘာဖြစ်လို့လဲဆို ဒီရေပဲ သောက်သုံးနေကြတယ်လေနော။ ဒီရေပဲ အားကိုးတယ်။ ကျမတို့ စစ်ရှောင်မှာလာနေတာ ဒီရေချောင်းနဲ့ နီးနီးလေးပဲ လာနေချင်ကြတယ်။ တခြားနေရာတွေဆိုလည်း ရေတွေဘာတွေဝယ်ရမှာဆိုလည်း အဝေးကြီးဆိုတော့ အဆင်မပြေဘူးဆို ရေရှိတဲ့နားကိုပဲ လာကြတာပေါ့နော။ ဒီရေချောင်း အခုလိုမျိုးဖြစ်လာတော့ အရမ်းစိုးရိမ်တယ်။ ဘာဖြစ်လဲဆိုတော့ ကျမတို့က သောက်ဖို့လောက်ပဲ ခမ်းနိုင်တယ်။ တခါတလေ ဝယ်နိုင်တယ်ပေါ့နော။ အလှူရှင်တွေ လာမှသာ ကျမတို့တွက် အဆင်ပြေတယ်။ ချိုးဖို့ လျှော်ဖို့ကကြတော့ ဒီရေချောင်းပဲ အားကိုးနေရတာပေါ့နော။ အခုကကြတော့ လောလောဆယ်မှာ ဒီလိုမျိုးဖြစ်နေတော့ လျှော်ဖို့တောင်မှ ပူပင်နေရတယ် ခုကတည်းကပေါ့နော။ ဒါတောင် တစ်ရက်နှစ်ရက်ပဲရှိသေးတယ်။ နောက်နှောင်ကြရင် ဘယ်လိုဖြစ်လာမလဲ မပြောတတ်သေးဘူးပေါ့နော။ စိတ်ပူတယ်။ ”

spot_img
spot_img