spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

နန်းဖဲကျေးရွာအုပ်စုရှိ နှောင်လုံစစ်ရှောင်စခန်းမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူတစ်ဦးက ဓားခုတ်မှု ဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲခရိုင် နန်းဖဲကျေးရွာအုပ်စုက နှောင်လုံ စစ်ဘေးရှောင်စခန်းမှာ ဒီဇင်ဘာလ ၂ရက်နေ့က ဓားခုတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

ဓားခုတ်မှုကျူးလွန်သူက အသက် ၃၀ ဝန်းကျင် အမျိုးသားဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာသူဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဖြစ်စဥ်မှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ယောက်က လုပ်အားပေးလုပ်ဖို့ ယူဆောင်လာတဲ့ ဓားမြောင်ကို ကျူးလွန်သူ အမျိုးသားက ဆွဲထုတ်ပြီး ဦးခေါင်းကို ရုတ်တရက် ခုတ်လိုက်တာ ဖြစ်ပါတယ်။ ဓားခုတ်ခံရတဲ့အမျိုးသားရဲ့ ဦးခေါင်းဒဏ်ရာကို ၅ ချက်ချုပ်လိုက်ရပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူနှစ်ဦးကြားမှာ ရန်ငြိုးရန်စ မရှိဘူးလို့ ဆိုပါတယ်။ ကျူးလွန်သူက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အကြောင်းရင်းမရှိဘဲ ဓားနဲ့ လိုက်လံ ခုတ်မှုကို ဒီနှစ်အတွင်း နှစ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

“မဖြစ်နိုင်‌တော့ဘူး။ ဒီလူကို ကျနော်တို့ တစ်ခုခု လုပ်မှ အရေးယူမှရမယ်။ လောလောဆယ်‌တော့ ဒီတရားခံကိုချုပ်ထားတယ်။ ဘာမှ ကိုယ်ထိလက်ရောက်မစော်ကားနဲ့။ အုပ်စုမှူးတွေ ၊ ရပ်မိရပ်ဖတွေ ၊ မြို့နယ်တွေ ကျနော်တို့ တွေ့မှပဲ ဘယ်လိုမျိုးစီစဥ်ဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်မယ်” လို့ မြို့နယ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျူးလွန်သူအမျိုးသားကို ကရင်နီပြည်ရဲဌာန KSP ကို လွဲပြောင်းသွားမှာ ဖြစ်ပြီး အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာတော့ နန်းဖဲ၊ စလဲလုံကျေးရွာက ဒေသခံတွေက လာရောက်စုပေါင်း စစ်ဘေးရှောင်ကြတာဖြစ်ပြီး အိမ်ခြေ ၁၃၀ ရှိကာ လူဦးရေ ၄၀၀ ကျော် ရှိပါတယ်။ အခုလို စစ်ရှောင်အတွင်း ဓားခုတ်မှုဖြစ်ပွားနေတာကြောင့် စခန်းအတွင်းရှိ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts