spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

နန်းမယ်ခုံက စေတနာ့၀န်ထမ်း ကျောင်းဆရာ၊ဆရာမတွေကို သင်တန်းပို့ချပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီက မြို့နယ်အဖြစ်ဖွဲ့စည်းလိုက်တဲ့ နန်းမယ်ခုံမြို့နယ်ထဲမှာ စာသင်ကြားပေးနေတဲ့ စေတနာ့၀န်ထမ်း ကျောင်းဆရာ၊ဆရာမတွေကို အရည်ချင်းပြည့်မှီဖို့အတွက် volunteer teacher training ကိုပြုလုပ်ခဲ့ပါတယ်။

မေလ၅ရက်နေ့ကနေ ၂၀ရက်နေ့အထိ သင်တန်းပို့ချခဲ့တာပါ။

” ကျနော်တို့ရဲ့ပညာရေးမှာ ဆရာ၊ဆရာမတွေ quantity (အရေအတွက်) ပဲ မဟုတ်ပဲနဲ့ quality (အရည်အချင်း) ရှိတဲ့ဆရာ၊ ဆရာမတွေဖြစ်အောင် ကျနော်တို့ရည်ရွယ်ပြီးတော့မှ သင်တန်း လုပ်ရခြင်းဖြစ်ပါတယ်။” လို့ သင်တန်းဆရာ ကိုဘီဂျက်မင်က သင်တန်းပို့ချရတဲ့ရည်ရွယ်ချက်ကို ပြောပါတယ်။

အဆိုပါသင်တန်းမှာ ပညာရေးစိတ်ပညာ၊ သင်ရိုးညွှန်းတမ်း၊ လက်ရှိနိုင်ငံရေးအကြောင်း နဲ့ လက်တွေ့ စတာတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ အခုလို သင်တန်းပို့ချခြင်းအားဖြင့် နည်းမှန်လမ်းမှန်နဲ့ ကလေးတွေကို စာပြန်လည်သင်ကြားနိုင်မှာဖြစ်တယ်လို့ သင်တန်းတက်ရောက်လာတဲ့စေတနာ့၀န်ထမ်း ကျောင်းဆရာမ ဒေါ်သူးမြာက ပြောပါတယ်။

“အရင်နှစ်တော့ ကျမတို့ မတက်ခင်တုန်းက ရှင်းရှင်းပြောရရင် ဆွဲခန့်ပေါ့။ ဘာသင်တန်းမှလည်းမရှိဘူး။ ဆရာမတွေအတွက် အရမ်းခက်ခဲဖြစ်နေတယ်။ နောက်ပြီးတော့ လူတွေမရှိဘူးဆိုတဲ့အခါကြတော့ သင်တန်းမရှိဘဲ ကျမတို့ ဝင်သင်လိုက်တယ်။ သိသလောက် တတ်သလောက် ဝင်သင်လိုက်တယ်။ ကျမက Grate – 3 ကိုင်ပါတယ်။ Grate – 3 အတန်းပိုင်ပေါ့။ ” သူမက ပြောပါတယ်။

သင်တန်းမှာ သင်တန်းသူ သင်တန်းသား(၇၀)တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၅)ရက်ကြာမြင့်တာဖြစ်ပါတယ်။

လက်ရှိကာလမှာ ကျေးရွာတိုင်းကိုယ်ထူကိုယ်ထ ပုံစံနဲ့ ကျောင်းဖွင့်ရတဲ့အတွက် လိုအပ်ချက် များစွာရှိတယ်လို့ သင်တန်းဆရာ ကို ဘီဂျက်မင်က အခုလိုဆက်ပြောပါတယ်။

“ဖတ်စာအုပ်၊ စာရေးကိရိယာတွေနဲ့ ပတ်သက်ပြီးတော့ အခက်ခဲရှိတယ်။ ပြီး‌ကျ‌နော်တို့ ဆရာလမ်းညွှန်းတွေလဲ လိုချင်တယ်။ သင်ထောက်ကူအပိုင်းတော့ ကျနော်တို့ လုပ်နိုင်သလောက်လုပ်မယ်။ ကိုယ့်ဟာ ကိုယ်လုပ်လို့မရတာ လမ်းညွှန်စာအုပ်တွေဆို ဘယ်မှာဝယ်ရမယ် မသိဖူး။ ကူညီနိုင်သူရှိရင် လဲကူညီပေးကြပေါ့။ ” လို့ ဘီဂျက်မင်က ဆိုပါတယ်။

လက်ရှိ နန်းမယ်ခုံမြို့နယ်မှာ ကိုယ်ထူကိုယ်ထကျောင်းပေါင်း(၂၃)ကျောင်းရှိပြီးကျောင်းသူ ကျောင်းသား (၂၇၈၁) နဲ့ ဆရာ၊ဆရာမ (၁၈၇)ဦးရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts