“နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ဖို့ကြိုးစားနေသူ”

စိုးထိုက်အောင်

ကယားတစ်ပြည်နယ်လုံး တက္ကသိုလ်ဝန်တန်းစာမေးပွဲကို ဒုတိယအဆင့် အောင်မြင်ဖြေဆိုခဲ့သူ မတွယ်တာနိုင်ကတော့ သူမ ဝါဿနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်။

“ ဝါသနာပါတဲ့ ဘာသာစကားပဲ ဆက်လုပ်ဖို့စဉ်းစားထားပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်လျှောက်ဖို့စီစဉ်ထားပါတယ်။”

သူမကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာ၊ သင်္ချာ၊ ဓာတု၊ ဇီ၀ ဘာသာရပ်တွေမှာဂုဏ်ထူးရရှိခဲ့ပြီး အမှတ်ပေါင်း ၄၆၉မှတ်နဲ့ပြည်နယ်မှာ ဒုတိယအမှတ်အများဆုံး ဖြစ်တယ်လို့ ၂၀၂၀ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူစာရင်း (သိပ္ပံဘာသာတွဲ)မှာဖော်ပြထားပါတယ်။

မတွယ်တာနိုင်

သူမနေတာကတော့ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ရွှေဘုန်းပွင့် ရပ်ကွက်မှာ နေထိုင်ပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ အ.ထ.က(၂) ငွေတောင်ကျောင်းမှ တစ်နှစ်ထဲနဲ့ ၄ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးကတည်းက သူမဝါသနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တတ်ရောက်ဖို့အတွက်လက်လှမ်းမှီသလောက် Online Class ၊ အုပ်တွေဝယ်ပြီးဖတ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

“ အောင်စာရင်းထွက်ပြီးမှပေါ့နော်။ အစကလည်း မမှန်းထားဘူး၊ မှန်းပြီးတော့လုပ်တာလဲ မဟုတ်ဘူးပေါ့နော်။ အမှတ်ကောင်းဖို့၊ စာသေသေချာချာလုပ်ဖို့ အဲ့တိုင်းပဲစဉ်းစားထားပြီးတော့ ၁၀တန်းကို ဖြေခဲ့တာပေါ့နော်။ အောင်စာရင်းထွက်တော့ အဲ့အောင်စာရင်းထွက်တဲ့ညမှာ ပြည်နယ်အဆင့်တွေတက်လာတာပေါ့နော်။ အဲ့ခါက ကိုယ့်နာမည်ပါတော့ အဲ့လည်း အံ့သြတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။”

သင်ကြားမှုအပိုင်းမှာ ဘာသာရပ်တိုင်းကို သေချာ လေ့လာမှတ်သားတဲ့အခါမှာ အဓိက ဆရာ/မတွေသင်ကြားတဲ့အချိန် အားရုံစူးစိုက်မှတ်သားထားတဲ့အတွက်လည်း အခုလို အောင်မြင်လာခဲ့တာလို့ဆိုပါတယ်။

“ သင်ကြားမှုအပိုင်းကတော့ ဘာသာရပ်တိုင်းမှာ ဆရာ/မ အားလုံးကသေသေချာချာလည်းသင်ပေးတယ်။ အခုမေးခွန်းပုံစံပြောင်းထားတဲ့ဟာဆိုရင်လည်းနှစ်စကနေပြီးတော့ အမြဲတန်း၊ စာမေးပွဲဖြေခါနီးရော အကုန်လုံးသေသေချာချာပြောပြတယ်။ အမှားဆိုရင်လည်း ဘယ်နေရာမှားတယ်ဆိုပြီးတော့ သေသေချာချာထောက်ပြတယ်ပေါ့နော်။ ဘာသာရပ်တိုင်းကို သေသေချာချာသင်ပေးတယ်။”

သူမကတော့ ငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့် ကျောင်းကို ပုံမှန်မတတ်ခဲ့ရပေမဲ့လည်း ငယ်ငယ်ကတည်းက ပညာရေးထူးချွန်ဆုတွေကိုမကြာခဏရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဆယ်တန်းကိုတတ်ရောက်နေတဲ့အချိန်မှာလည်း ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့်ကျောင်းပုံမှန်မတက်ပဲ အပြင်ကနေပဲစာကိုလေ့လာရတာဖြစ်ပါတယ်။ စာကို ည ၁၁နာရီလောက်အထိကျက်ပြီး မနက်ဆိုရင် ကျောင်းမသွားခင် ၅နာရီလောက်ကနေစပြီးကျက်တာဖြစ်ပါတယ်။

မိသားစု (၅)ဦးရှိပြီး သူမမိဘတွေကတော့ စိုက်ပျိုးရေး၊ အရောင်းအဝယ်တွေလုပ်ပြီးမိသားစု စားဝတ်နေရေးကို အဆင်ပြေအောင်လုပ်နေရတာဖြစ်ပါတယ်။ မိသားစုက စီးပွားရေးမှာအတော်အသင့် အဆင်ပြေကြပြီး ကလေးရဲ့ပညာရေးပိုင်းမှာလည်း အားပေးမှုတွေရှိတာဖြစ်ပါတယ်။ မိဘတွေကတော့ မတွယ်တာနိုင်ကို အိမ်မှာ အိမ်မှုကိစ္စတွေကို အရမ်းမလုပ်ခိုင်းပဲနဲ့ ပညာရေးဘက်မှာပဲ ဦးစားပေးထားတယ်လို့သိရပါတယ်။

“ ကိုယ့်ကိုလည်း အနားပေးရတယ်၊ ဦးနှောက်ကိုလည်းအနားပေးရတယ်။ ပြီးရင်ကျောင်းက ဆရာ/မတွေရဲ့စကားကိုရောနားထောင်၊ ဆုံးမတာတွေရော၊ သင်ပြပေးတာတွေရော။ ၁၀တန်းက ဘဝတစ်ခုလုံးတော့မဟုတ်ပေမဲ့ပေါ့နော် တစ်ဆစ်ချိုးပြောင်းလဲတဲ့နေရာတော့ ပါတယ်ပေါ့။ တစ်ချိန်ချိန်နောက်ပြန်ကြည့်ရင် ဒါကကောင်းတဲ့ အမှတ်တရာဖြစ်တယ်။ ပြီးရင် ၁၀တန်းမှာ ထူးထူးချွန်ချွန်နဲ့အောင်လို့အခွင့်အလမ်းကောင်းတွေလည်း သေချာပေါက်ရပါတယ်။”

အခုချိန်မှာတော့သူမ တက္ကသိုလ်ဆက်တက်ဖို့ အချိန်စောင့်ရင်း အင်္ဂလိပ်စာ၊ ကိုးရီးယာ၊ ဂျပန် ၊ တရုတ်စာတွေကို အွန်လိုင်းကနေ လေ့လာနေပါတယ်။

၂၀၁၉-၂၀၂၀ခုနှစ် ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုသူကျောင်းသူ/သားပေါင်း ၇၉၀၆ ဦးရှိပြီး အောင်မြင်သူဦးရေ ၂၃၄၀ဦးရှိပါတယ်။ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့အောင်ချက်ရာခိုင်နှုန်း ၂၉.၆၀ ရှိပါတယ်။

Comments

comments

Next Post

ပြည်နယ်ဝန်ကြီးချုပ် စွပ်စွဲပြစ်တင်သူတစ်ဦး ပြန်လည်နုတ်ထွက်

Fri Aug 21 , 2020
ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ချက်အပေါ် လက်မှတ်ထိုးခြင်းကို နုတ်ထွက်ကြောင်းနှင့် စွပ်စွဲမှုအပေါ်ကန့်ကွက်ကြောင်းကို လွှတ်တော်ဥက္ကဌထံ ပြန်လည်တင်ပြထားတယ်လို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးသိန်းအောင်(ခ)စဲရယ်က ပြောပါတယ်။ ၎င်းနဲ့ပတ်သက်ပြီး ဦးသိန်အောင်(ခ)စဲရယ်က အခုလိုပြုလုပ်ရခြင်းမှာ မိမိသဘောထားဆန္ဒအတိုင်းတာဖြစ်တယ်လို့ဆိုပါတယ်။ “ ကျနော်တို့ရဲ့ပါတီက တွန်းအားပေးမှုကြောင့်ဆိုတဲ့ဟာ တစ်ခွန်းမှ မပါဘူး။ ကျတော်ဘာဖြစ်လို့လဲဆိုရင် အမျိုးသားဒီမိုကရေစီတစ်ယောက်ရဲ့ ကျနော်ရဲ့ခံယူချက်ပေါ့နော်။ ကျနော်ကတော့ တကယ်တမ်းပြောရမယ်ဆိုရင် ကျနော်အမှား။ ကျနော်အနေနဲ့မှားတာပါ။ ဘယ်သူ့ကိုမှအပြစ်မတင်ဘူး။” သြဂုတ်လ ၂၀ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက်ကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဌမှတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားထားတဲ့စာပေါ်မှာ လက်မှတ်ရေးထိုးထားခဲ့ခြင်းက ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် […]

ဆက်စပ်သတင်းများ