နေပြည်တော်ကို သွားရောက်ခဲ့တဲ့ KySDP ကိုယ်စားလှယ်ငါးဦး နေရပ်ကို ပြန်လည်ရောက်ရှိ

0
122

လွှတ်တော်အစည်းအဝေးအတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာကို သွားရောက်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ကအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦး ဒီကနေ့ညနေမှာ ကယားပြည်နယ်ကို ပြည်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဇန္နဝါရီလ ၂၃ ရက်နေ့မှာ နေပြည်တော်ကိုသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုလက်ရှိနိုင်ငံရေးအခြေအနေကြောင့် လွှတ်တော်အစည်းအဝေးမကျင်းပခဲ့ပဲ ကိုယ်စားလှယ်တွေက နေရပ်အသီးသီးကို ပြန်လာခဲ့ရတာဖြစ်ပါတယ်။