spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

နေအိမ်တွင်း မဟုတ်ပဲ ပြင်ပတွင် လူ၅ဦးထက် ပိုစုဝေးလျှင် အရေးယူမည်

Author

Date

Category

မီမြာ၊ ဦးမြာ

နေအိမ်တွင်း မဟုတ်ပဲ ပြင်ပတွင် လူ၅ဦးထက် ပိုစုဝေးလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထုတ်ပြန်ချက်အတိုင်း အရေးယူမည်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးထံမှ သိရပါတယ်။

အဲ့ဒါကြောင့် နေအိမ်တွင်း နဲ့ သတ်မှတ်ထားသည့် ခွင့်ပြုချက်ရထားတဲ့ နေရာမှအပ ငါးဦးထက်ပိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်းအရေးယူမယ်လို့ လည်းဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Covid-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူငါးဦးနှင့် ငါးဦးထက်ပိုပြီးစုဝေးခြင်း မပြုကြရန် ဧပြီလ ၁၆ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

လူ၅ ဦးထက်ပိုလျှင်အရေးယူမည်ဟုဆိုရာမှာ မိသားစုတွင်း၊ နေအိမ်အတွင်းနေထိုင်ခြင်း မပါဝင်ကြောင်းသိရပါတယ်။

လူစုလူဝေးမလုပ်ဖို့ အသိပညာပေးတွေအထပ်ထပ်လုပ်ပြီး လိုက်နာဖို့အတွက်ကြပ်မတ်ဆောင်ရွက်မှာဖြစ်ပြီး ညွှန်ကြားချက်ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်လို့ ဘောလခဲမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ပြောပါတယ်။

“တွေ့ရှိခဲ့မယ်ဆိုရင်တော့ ကျတော်တို့က အဓိကအသိပညာပေးတဲ့အပိုင်းကို ပိုပြီးတော့ဆောင်ရွက်ရမှာပေါ့။ ဒါကိုသူတို့မသိလို့လား။ သိသိလျက်နဲ့စုတာလား။ ဒါတွေက ကျတော်တို့စီစစ်ရမှာဖြစ်ပါတယ်။” လို့ သူကဆက်ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာန နဲ့ ပြည်သူဦးစီးဌာနရဲ့ဆောင်ရွက်ချက်များ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဖို့ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင် ဧပြီလ၁၇ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၈၅ ဦးရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရှိရပါတယ်။

spot_img
spot_img

Recent posts