spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

နွေစပါးစိုက်ပျိုးထားတဲ့ တောင်သူတချို့ရဲ့ စပါးခင်းကို ကြွက်နဲ့ ငှက် ကိုက်ဖြတ်ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို – ဖရူဆိုမြို့နယ်အစပ်၊ ချောင်းဘေးတစ်လျှောက်က နွေစပါးစိုက်ပျိုးထားတဲ့ တောင်သူတွေရဲ့ စပါးခင်းဟာ ကြွက် နဲ့ ငှက်တွေရဲ့ ကိုက်ဖြတ်ဖျက်ဆီးမှု ခံနေရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“အခုလယ်လုပ်တာက သိပ်အဆင်မပြေဘူးပေါ့နော၊ ရေတော့အဆင်ပြေပါတယ်။ မြေသြဇာလည်း စျေးရမ်းများတော့ လယ်ကအဆင်မပြေပါဘူးဆိုမှ ကြွက်တွေကလည်း စပါးအနှံမထွက်ခင်ကတည်းက ရေမရှိတဲ့နေရာတွေမှာ ကြွက်ဝင်ခုတ်တယ် ကိုက်ဖြတ်တယ် ဖျက်ဆီးတယ်။၊ ငှက်ကလည်း အပေါ်မှာလုပ်၊ ကြွက်က အောက်မှာလုပ်ဆိုတော့ လူစောင့်နိုင်မှပဲရမှာပေါ့။ ငှက်ကအစောကြီးလာတယ် လူက အစောကြီးမလာနိုင်ဘူး ။ ကြွက်ကလည်း ညချိန်မှပဲခုတ်တော့ လူလည်းလာမစောင့်နိုင်တော့ တော်တော်လေးပျက်စီးသွားတယ်။”လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးမာရီးနိုက ပြောပါတယ်။

စိုက်ပျိုးထားတဲ့ စပါးတစ်ခင်းကို တင်း ၃၀ ထွက်ရှိတာကြောင့် မိသားစုဝမ်းရေးအတွက် အနည်းငယ်ဖူလုံတယ်လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးမာရီးနိုက ဆိုပါတယ်။ နွေစပါးစိုက်ပျိုးလုပ်ကိုင်သူအများစုက စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး စားဝတ်နေရေးပြေလည်စေဖို့အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြတာပါ။

ထွန်ယက်စိုက်ပျိုးစဉ်က လုပ်အားခ၊ စက်ငှားရမ်းခ ကုန်ကျစရိတ်တွေကို ချေးငှားစိုက်ပျိုးခဲ့ရတာကြောင့် စပါးအထွက်နှုန်း တိုးဖို့ တောင်သူတွေက မျှော်လင့်နေကြပေမယ့် အခုလို ကြွက် နဲ့ ငှက် ဖျက်ဆီးမှု ရှိနေတာကြောင့် အရှုံးပေါ်မှာကိုလည်း စိုးရိမ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ မိုးစပါးထက် နွေစပါးစိုက်ပျိုးမှုက ကုန်ကျစရိတ်ပိုများတယ်လို့လည်း ဆိုပါတယ်။

“ဆန်ဝယ်စားတယ်ဆိုတာ လယ်လုပ်ပြီး ထွက်လာတဲ့ စပါးလောက် ရေရှည်မခံဘူးပေါ့။ အရင်းမရှိလည်း ချေးငှားပြီး စိုက်ရတာပေါ့၊ စပါးထွက်လာလည်း ပြန်ရောင်းပြီး ဆပ်ရတာပေါ့ ကျန်တာတာ့ မိသားစု အတွက် နည်းနည်းပေါ့” လို့ ဦးမာရီးနိုက ဆက်ပြောပါတယ်။

နွေစပါးစိုက်ပျိုးထားကြတဲ့ တောင်သူတွေဟာ မနက်ကနေ ညနေပိုင်းထိ ငှက်ကို ခြောက်လှန့်နေရသလို ညပိုင်းမှာလည်း ကြွက်တွေက စပါးပင်ကို မကိုက်ဖြတ်နိုင်အောင် ဂရုစိုက်နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ နွေစပါးကို ကြွက်ဖျက်ဆီးမှုရှိပေမယ့် ဒီနှစ်မှာတော့ ငှက်တွေပါ ကိုက်ဖြတ်ဖျက်ဆီးမှု ခံနေရတာဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။

နွေစပါးကိုတော့ လာမယ့် ဇွန် ၊ ဇူလိုင်လအတွင်းမှာ ရိတ်သိမ်းကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts