spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

နွေရာသီမှာ တောမီး အန္တရာယ်ကို စိုးရိမ်တာကြောင့် မီးတားလမ်းများ ကြိုတင်ပြင်ဆင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီ နယ်စပ် စစ်ရှောင်စခန်း တစ်နေရာမှာ နွေရာသီ တောမီးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စစ်ဘေးရှောင်စခန်း ပတ်ပတ်လည်ကို သန့်ရှင်းရေးပြုလုပ်ထားပြီး မီးတားလမ်း ပြင်ဆင်ပြုလုပ်ထားတယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လာမယ့် မတ်လ ၁၇ ရက်နေ့ကစပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ စစ်ရှောင်စခန်းအတွင်းမှာ မီးကင်းစောင့်သူ စတင်ထားရှိတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်စခန်းနေ လူထုတွေကိုလည်း မလိုအပ်ဘဲ မီးမရှို့ကြဖို့ သတိပေးပြောဆိုထားတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး က အခုလို ပြောပါတယ်။

“ မီးတားလမ်းတွေလည်း လုပ်ပြီးပြီ။ မီးကင်းလည်း ကျနော်တို့ စစောင့်ခိုင်းတော့မယ်။ ပြီးတော့ တောထဲမှာ ရှဉ့်ကြွက် ၊ ငှက်တို့ကို ဖမ်းတဲ့ချိန်မှာ မီးရှို့တာပဲဖြစ်ဖြစ် ၊ ခြံထဲမှာ ဖြစ်ဖြစ် မီးတွေ မရှို့ဖို့။ ရှို့တာတော့ ရှို့လို့ရတယ်။ ဒါပေမယ့် ကိုယ့်ခြံအတွင်းမှာပဲ ရှို့ရမယ်။ မီးတားလမ်းကတော့ ပတ်ပတ်လည် လုပ်ထားရမယ်။ မီးက အပြင်ကို မကူးဖို့ပေါ့။ ကျနော်တို့ ဒီရပ်ကွက် ပတ်ပတ်လည် ဝန်းကျင်တွေမှာ လည်း မီးတားလမ်းတွေလည်း အကုန်လုပ်ထားပြီးပြီ”လို့ သူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ရပ်ကွက် ၆ ခု ထိရှိပြီး ရက်ကွက်တိုင်းကို မီးတားလမ်း ပြုလုပ်ထားသလို နှစ်ပတ်လျှင်တစ်ကြိမ် မီးတားလမ်းရှိရာနေရာကို အမှိုက်၊ သစ်ရွက်ခြောက်တွေ မကျရောက်အောင် သန့်ရှင်းရေးပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ ကရင်နီပြည် ၊ နေရာဒေသအသီးသီးက စစ်ဘေးရှောင်တွေ လာရောက်တိမ်းရှောင်နေကြတာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော် ၊ လူဦးရေ ၃၀၀၀ နီးပါးရှိပါတယ်။

နှစ်စဉ် နွေရာသီမှာ တောမီး ကူးစက် လောင်ကျွမ်းမှုရှိနေတာကြောင့် ထိခိုက်ပျက်စီးမှုနည်းပါးအောင် စစ်ရှောင်စခန်းဖြစ်စေ၊ ကျေးရွာမှာဖြစ်စေ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ထားကြပါတယ်။

spot_img

Recent posts