spot_imgspot_imgspot_imgspot_img
Tuesday, February 18, 2025
spot_imgspot_imgspot_imgspot_img

ပင်လောင်း – ဖယ်ခုံမြို့နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံအပါအဝင် စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေအပါအဝင် လာရောက်တိမ်းရှောင်တဲ့ စစ်ဘေးရှောင်တွေဟာ ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီကနေ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေ တိမ်းရှောင်ကြတဲ့နေရာတွေဟာ ဆက်သွယ်ရေးလိုင်းအဆင်မပြေမှုတွေကြောင့် စစ်ရှောင်တွေကို လာရောက်ကယ်ထုတ်မှုတွေ နှောင့်နှေးကြန့်ကြာစေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ Kayan Rescue Committee-KRC ရဲ့ အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“၂ ရက် ၃ ရက် ရှိနေပါပြီ တိုက်ပွဲက။ အခုလောလောဆယ် အကုန် မကယ်ထုတ်နိုင်သေးပါဘူး။ လမ်းကြောင်းကတိုက်ပွဲ ဖြစ်နေတာရယ်။ ကြိုပေးမယ့် ကား မလုံလောက်တာရယ်။ စစ်ရှောင်တွေကိုယ်တိုင်က ကား ဆိုင်ကယ် မရှိကြတာလည်းပါတာပေါ့။ နေရာအားလုံးက ဖုန်း၊ အင်တာနက်လိုင်း မရှိလို့ အရေးပေါ်ကယ်ဆယ်ရေး အတွက် အရမ်းနှောင့်နှေး ရပါတယ်။”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ကယ်ထုတ်ထားတဲ့ စစ်ရှောင်ဦးရေ ၅၀ ဝန်းကျင်ရှိခဲ့ပြီး မကယ်ထုတ်နိုင်သေးတဲ့ စစ်ရှောင်ဦးရေ အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကယ်ထုတ်ထားတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ သွားရောက်တိမ်းရှောင်ကြတယ်လို့ KRC ရဲ့ အဖွဲ့ဝင်တစ်ဦးက အခုလို ဆက်ပြောပါတယ်။

“အခုက ပင်လောင်းနဲ့ ဖယ်ခုံ နယ်စပ်ဖက်ကပေါ့‌နော်။ ပင်လောင်းဘက်ကို စစ်သွားရှောင်သူ အများစုက ဖယ်ခုံမြို့ပေါ် ရပ်ကွက်တွေက ပြည်သူတွေပါ။တချို့ လည်း တောင်ကြီး ဘက် တက်သွားတယ် လူနည်းစု ပါပဲ။ ထိခိုက်မှုတွေတော့ ကယ်ထုတ်တဲ့ထဲမှာတော့ မပါပါဘူး။ လောလောဆယ် ယာယီ ခိုနားဖို့ ကျေးရွာတွေမှာပဲ ခိုနားကြပါတယ်။ ဘေးလွတ်တဲ့ နေရာတွေပေါ့နော်။”လို့ သူကဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ပိတ်မိတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts