spot_img
Friday, December 2, 2022
spot_img

ပြည်နယ်ရန်ဘုံငွေဖြင့် ဆောင်ရွက်တဲ့ ဆိတ်မွေးမြူရေး တစ်ပြည်နယ်လုံးမှာ အရှုံးပေါ်နေ

spot_imgspot_imgspot_imgspot_img

စိုးထိုက်အောင်

ကယားပြည်နယ်အတွင်း တောင်သူတွေထံ ဆိတ်မွေးမြူရေးဖြန့်ဝေပြီး မွေးမြူတဲ့ လုပ်ငန်းမှာ အရှုံးပေါ်နေတယ်လို့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့မှ ဇွန်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတင်ပြချက်အရ ကြားသိရပါတယ်။

ပြည်နယ်ဘဏ္ဍငွေနဲ့ဆောင်ရွက်နေတဲ့ ဆိတ်မွေးမြူရေးက အောင်မြင်မှုမရှိတဲ့ အတွက်ကြောင့် ဆိတ်မွေးတဲ့တောင်သူတွေက တခြားနေရာရွှေ့မွေးရတာတို့ ၊ မသေချင် ရောင်းလိုက်ရတာတို့ ပြုလုပ်ခဲ့ရတယ်လို့ ဖရူဆိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“ သေနေတဲ့ ဆိတ်တွေကိုလဲ ကျတော်တို့ဘာမှလုပ်လို့မရတဲ့ ခါကျတော့ တစ်ချို့ဆိုလို့ရှိရင်ကောင်းသေးတဲ့ ဆိတ်တွေကို ကျတော်တို့ ပိုက်ဆံနဲ့ရောင်းလိုက်တဲ့ ဟာတွေလဲရှိသလို သူ့ကိုယ်သူသေပြီးတော့မှ ပုပ်သွားတဲ့ အကောင်တွေလဲ ရှိတယ်လို့ ကျတော်တို့အဲ့လိုကြားရတယ်။” လို့ ဦးသဲရယ်က ပြောပါတယ်။

၂၀၁၅-၁၆ ခုနှစ်မှာ ငွေကျပ် (၄၀)သန်းဖြင့် ဆိတ်ကောင်ရေ (၄၀၀) ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း (၅၈)သန်း ဖြင့် ဆိတ်အကောင်ရေ (၅၈၀) ၊ ၂၀၁၇ -၁၈ ဘဏ္ဍရေးနှစ်မှာ ငွေကျပ်သန်း (၁၅၀)ဖြင့် ဆိတ်ကောင်ရေ ( ၁၅၈၀)ထပ်မံ ဝယ်ယူမွေးမြူခဲ့ရာမှာ အောင်မြင်မှှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ပြည်နယ်ဘဏ္ဍငွေနဲ့မွေးမြူတဲ့ ဆိတ်တွေကို ပြည်မဘက်ကနေသယ်လာတဲ့ အတွက်ကြောင့် ဒေသ၏ရာသီဥတုနှင့် မကိုက်ညီမှု၊ သယ်ဆောင်လာတဲ့ အခါမှာလဲ ဆိတ်တွေကို ကားဖြင့် ပြည့်ကြပ်ပြီးတင်ဆောင်လာတဲ့ အတွက်ကြောင့် ဆိတ်တွေက မွေးမြူတဲ့ လူတွေဆီကို ရောက်ရောက်ခြင်းမှာဘဲ အသေအပျောက်များနေတာဖြစ်တယ်လို့ ဆိတ်မွေးမြူတဲ့ လူတချို့ဆီကနေ ကြားသိရပါတယ်။

ဆိတ်မွေးမြူရေး ဖြစ်ထွန်းအောင်မြင်မှု မရှိခြင်းအတွက် လွှတ်တော်ကတိကဝတ်ကော်မတီမှ မေးခွန်းမေးမြန်းခြင်း၊ ဆိတ်မွေးမြူရေးနဲ့ပတ်သတ်ပြီး ပြည်နယ်စာရင်းစစ်ရုံးမှ ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာ စာရင်းအမှန်တင်ပြမှု မရှိခြင်း၊ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေး ကော်မတီမှ တွေ့ရှိချက်တွေအရ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက ကြီးကြပ်ကွပ်ကဲမှု အားနည်းနေတာကိုတွေ့ရှိရတဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို လွှတ်တော်မှ အကြံပြုခဲ့ပေမဲ့လဲ သက်ဆိုင်ရာ ဌာနမှ ပြည်နယ်အစိုးရရုံး၏ (၁၃-၃-၂၀၂၀) ရက်စွဲနဲ့ထွက်ရှိလာတဲ့ စာမှာ ဆိတ်မွေးမြူရေးလုပ်ကိုင်နေတဲ့ တောင်သူတွေကို မိတ္တုဖြန့်ဝယ်ကာ တရားစွဲဆိုမည် ဟု ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။

“ ကျတော်တို့အနေနဲ့ကတော့ ဒေသခံတွေကိုတော့ ပြန်မရော်ခိုင်းပါဘူး။ ဒေသခံတွေကို ပြန်မရော်ခိုင်းဘူး ဒေသခံတွေက ဒါဘဲဆို သူတို့အကျိုးရှိမဲ့ဟာမျိုးကိုပေါ့ ဖြစ်စေချင်တယ်ပေါ့ ပြန်ရော်ခိုင်းမယ် ၊ တရားစွဲတာတော့ မရှိပါဘူး။” လို့တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီဥက္ကဌ ဦးအာင်နိုင်ဦးက ပြောပါတယ်။

ခံနိုင်ရေကောင်းသော ဆိတ်မွေးမြူရေးကို ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြန့်ဝေစဉ်အပင်ပန်းခံ စောက်ရှောက်ပေးခြင်း၊ သင်တန်းများပေးခြင်း၊ လက်လှမ်းမှီသလောက်စွမ်းစွမ်း သမန်ဆောင်ရွက်ခဲ့တယ်လို့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ဇွန်လ ၁၂ရက်နေ့ကကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

“တောင်သူများမှာလဲ မှားယွင်းမှုများ မရှိစေရန်စာချုပ်များချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဆိတ်ဖြန့်ပြီးသော ကျေးရွာများသို့လစဉ် ပုံမှန်ကွင်းဆင်းစီစစ်ရန် အမြဲကြပ်မတ်ညွှန်ကြားခဲ့ပြီး ပြည်နယ်အကြီးအကဲ ပြည်နယ်ဌာနမှူးကိုယ်တိုင်လဲ ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။” လို့ လွှတ်တော်မှာ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

ကယားပြည်နယ် ပြည်နယ်ရန်ဘုံငွေဖြင့် ဆောင်ရွက်နေတဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းက အနီးကပ်ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့ အတွက်ကြောင့် အောင်မြင်မှုမရှိတဲ့ အပေါ်မှာ ပြည်သူ့ဘဏ္ဍာငွေတွေကို ထပ်တစ်လဲလဲတင်ပြေတောင်းခံပြီးတော့ အလေအလွင့်ဆုံးရှုံးအောင် ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာဌာနအကြီးအကဲတွေရဲ့စီမံခန့်ခွဲမှုအားနည်းခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေဖြင့် ထိရောက်စွာအရေးယူဖို့အတွက်ကိုလဲ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီမှ ပြည်နယ်လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

Related Stories