spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img

ပွန်ချောင်းအရှေ့ဘက်ကမ်းမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်အိမ်ခြေ ၂၀၀ ကျော်ပိတ်မိနေ ၊ အရေးပေါ် ကူညီနိုင်ဖို့ စက်လှေလိုအပ်

Author

Date

Category

ကန္တာရ၀တီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစ ပွန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ပွန်ချောင်း အရှေ့ဘက်ကမ်းမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေနဲ့ အဆက်သွယ်ရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ပွန်ချောင်းရေစီးအလွန်သန်တာကြောင့် တစ်ဘက်ကမ်းကို ကူးဖို့ ခက်ခဲနေကြတာပါ။ အရင် ရှိနှင့်ပြီးသား စက်လှေတွေလည်း ရေထဲ မျောပါသွားတာကြောင့် အခုချိန်မှာစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ဖို့ စက်လှေ အရေးပေါ် လိုအပ်နေတယ် လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခူးဘဲရယ်က ပြောပါတယ်။

“လက်ရှိ စက်လှေ အခြေအနေကတော ဒီပွန်ချောင်းမှာက ရှိနေပြီးသားပေါ့နော်။ ဒါပေမယ့် လောလောဆယ်ကတော့ ရေထဲကိုလုံး၀ပါသွားတယ်။ ဒီအရှေ့ဘက်ကမ်းမှာ ကျန်ခဲ့တဲ့ ညီအကိုသွားကြည့်ဖို့အတွက် စက်လှေ လိုအပ်နေတယ်။ ပြီးတော့ အခုက ရေတကုန်ကြီးလာခါကျတော့ သူတို့စား၀တ်နေရေး အခြေအနေ ဘယ်လို ရှိလည်းဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ ကျနော်တို့သွားမယ်ဆိုလည်း ရေကလည်း မကျလာသေးတော့ သွားဖို့လည်း အဆင်မပြေသေးဘူး။ အခုအဓိက လိုအပ်နေတာတော့ စက်လှေတခုပေါ့နော်။ အရှေ့ဘက်ကမ်းမှာ နေတဲ့ ညီအကိုတွေကို သွားကြည့်ဖို့ စား၀တ်နေရေး သွားပေးဖို့ဆိုလည်း စက်လှေရှိမှ ဖြစ် မယ်။ အဲဒါ့ကြောင့် စက်လှေလေး လိုအပ်နေတယ်”လို့ ခူးဘဲရယ်က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ ရေကျဆင်းလာပေမယ့် ရေစီးအလွန်သန်နေတာကြောင့် တစ်ဖက်ကမ်းကို ကူးဖို့ အန္တရာယ်များလွန်းတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေနဲ့ အဆက်သွယ်မရသေးတာကြောင့် စားသောက်ရေး ၊ နေထိုင်ရေး နဲ့ ကျန်းမာရေးပိုင်းတွေကို စိုးရိမ်ပူပန်နေရတာဖြစ်ပါတယ်။

ပွန်ချောင်း အရှေ့ဘက်ကမ်းမှာ စစ်ရှောင်စခန်း အမှတ် ၁၊ ၃ ၊ ၅ ၊ ၇ ရှိပြီး အိမ်ခြေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ နွေဦးဂုရုလေးများအဖွဲ့ကနေ ပွန်ချောင်းစစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်နိုင်ဖို့ စက်လှေအရေးပေါ် လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts