spot_img
Friday, March 24, 2023
spot_img

ဖမ်းဆီးခံ ရွှေပြည်အေးရွာသား ၁၉ ဦး ပြန်မလွှတ်သေး၊ ခမရ ၃၃၆ မှာ ချုပ်နှောင်ထား

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ ရွှေပြည်အေး(ကသဲ)ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဒေသခံ (၁၉)ဦး စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံလိုက်ရပြီး ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့အထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကသဲကျေးရွာအနီး တောင်ကုန်းပေါ် မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စွဲထားပြီး ဖယ်ခုံမြို့အခြေစိုက် မြေမြန်တပ်ရင်း ခမရ (၃၃၆)တပ်ရင်းမှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၉ ဦးကို ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

“သူတို့ကတော့ ၃၃၆မှာခေါ်ထားတယ်။ ခုထိမလွှတ်ပေးသေးဘူး။ သူတို့ပြောတဲ့ပုံစံအရဆိုရင် နင်တို့ ငါတို့ဆီကနေ ယူထားတဲ့ တုတ် ၅ လက်ပဲပြန်လာပေး အဲ့လိုပုံစံပေါ့။ ခုထိမလွှတ်သေးဘူး ၃၃၆ မှာပဲထားတယ် လောလောဆယ်။ တဆင့်ခံပေါ့။ မင်းတို့လူ ငါတို့သေနတ်ပြန်လာပို့ပေး ပြန်လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးပဲ ပြောသံကြားတယ်။” လို့ KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ညမှာ ခမရ ၃၃၆ တပ်ရင်းကို ဖယ်ခုံPDF ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကင်းစောင့်စစ်သား ၅ဦးသေဆုံးပြီး လက်နက် ၅လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက် ၅ လက်နဲ့ ဒေသခံ ၁၉ ဦးကို အလဲအလှယ်လုပ်ဖို့ စစ်ကောင်စီက ပြောဆိုတာကို တဆင့်ခံပြန်ကြားရတာ ရှိတယ်လို့ KNDF ဖယ်ခုံဇုန် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့တွင်း စစ်ကောင်စီတပ်မှ အင်အားအများအပြား တိုးချဲ့လာပြီး မြို့ပေါ်၊ ကျေးရွာအနီးတစ်ဝိုက်ကို လက်နက်ကြီးပစ်ခတ်တာတွေ၊ နေအိမ်ကိုဖျက်ဆီးတာတွေ၊ စစ်ဆေးတာတွေ ၊ ခြိမ်းခြောက်တာတွေ သေနတ်ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်လနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒေသခံပြည်သူ (၁၉) ဦးကို မျက်လုံးအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ဒေသခံတွေနေရပ်မပြန်နိုင်အောင် ကျေးရွာအတွင်း မြေမြှုပ်မှိုင်းထောင်တာ စတဲ့လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံနှုန်းအား ချိုးဖောက်နေတဲ့အတွက် ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြင်းထန်စွာ ရှုတ်ချကြောင်း တာဝန်ရှိသူက ပြောပါတယ်။

“လူသားတံတိုင်းပုံစံ လူတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းဟာ ဒါကတော့ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံ ၃ခုနဲ့ သွားညီတဲ့အပြင် Geneva Convention အရဖြစ်စေ စစ်ရာဇဝတ်မှုအရ ဖြစ်စေပေါ့။ စစ်တပ်က ပြင်းပြင်းထန်ထန် ကျူးလွန်နေတာ ဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ဒီဖြစ်ရပ်မျိုးကို စစ်ကောင်စီအနေနဲ့ လုံးဝထပ်ပြီးတော့မှ မကျူးလွန်ဖို့ တိုက်တွန်းချင်တယ်။ ဘာကြောင့်တိုက်တွန်းလဲဆိုရင် အဆိုးဝါးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှကို နားလည်ခွင့်လွှတ်နိုင်တဲ့ အနေအထားမှာရှိတဲ့ အမှုမဟုတ်ဘူး။ အဲ့ဒီဟာကို တရားဥပဒေကြောင်းအရ ပြင်ပြင်းထန်ထန် တစ်ချိန်ကျရင် ပြန်ပြီးအပြစ်ပေးအရေးယူမှုကို ခံကိုခံရမယ်ဆိုတာ ကျနော့်အနေနဲ့ ယတိပြတ် သတိပေးချင်ပါတယ် စစ်ကောင်စီကိုလေ။”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ပြည်သူလူထုအား ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်းဟာ ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့မှာ လေးကြိမ်မြောက်ရှိနေပြီး ဒေသခံ (၁၉)ဦး ဖြစ်စဉ်မတိုင်ခင် လွိုင်ကော်မြို့၊ ဖရူဆိုမြို့နဲ့ ဖယ်ခုံမြို့နယ်မှာ သုံးကြိမ်ဖြစ်ပွားခဲ့ပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFပူးပေါင်းတပ်ဖွဲ့ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကျေးရွာသာမက မြို့ပေါ်ရပ်ကွက်က ဒေသခံပြည်သူ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်လူဦးရေ ၂ထောင်နီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...