spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတဲ့ ဗီဒီယိုဖိုင် KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၁ ရက်နေ့တိုက်ပွဲအတွင်းမှာ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတဲ့ ဗီဒီယိုဖိုင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ကြည်း ၅၀၂၆၁ ဗိုလ်မှူး- ဗိုလ်ကြီးဖြိုးမြင့်နိုင်ဖြစ်ပါတယ်။ ကျနော် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့တပ်ကတော့ အမှတ် (၄၂၃) ခြေမြန်တပ်ရင်း ဆီဆိုင်မြို့ကဖြစ်ပါတယ်။ ကျနော်တို့ တပ် လက်ရှိ စစ်ဆင်ရေးဝင်တဲ့ ဒေသကတော့ ကယားပြည်နယ်၊ နမ့်စံခမ်းဒေသဖြစ်ပါတယ်။ နမ့်စံခမ်းဒေသမှာ ၁၁ ရက်နေ့ မနက်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ မိသားစုတွေကို အသိပေးပြောကြားလိုတာကတော့ ကျနော် အခုလက်ရှိ ကရင်နီပြည်တစ်နေရာမှာ ကောင်းကောင်းမွန်မွန် ကျန်းမာစွာနဲ့နေထိုင်လျက်ရှိကြောင်း အသိပေးလိုပါတယ်။”လို့ KNDF ထုတ်ပြန်ထားတဲ့ ရုပ်သံထဲ စစ်ကောင်စီ စစ်သုံ့ပန်းတစ်ဦး ပြောဆိုထားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ 1111 (တစ်လေးလုံး) လို့ အမည်တွင်ခေါ်ဆိုတဲ့ စစ်ဆင်ရေး တိုက်ပွဲအတွင်းမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေအနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချ၊ ပူးပေါင်းအလင်းဝင်ပါက စစ်သုံ့ပန်းမူဝါဒကို ခံစားရမှာဖြစ်တယ်လို့ KNDF က အသိပေးထုတ်ပြန်ထားပါတယ်။ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ဆက်လက်ခုခံနေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ သတိထားပါတယ်။

1111 (တစ်လေးလုံး) စတင်ခဲ့တဲ့ ပထမဆုံးရက်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၁၀၀) နဲ့ ခဲယမ်းကျည်ဆံတွေ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ သိမ်းဆည်းရမိထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားအများအပြားရှိသလို ဖမ်းဆီးရမိတဲ့ တပ်သားတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts