spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံတပ်ရင်း ( ၂ ) P3 – 1006 တပ်ရင်းက (၃)နှစ် အတွင်း ရဲဘော် ၃၁ ဦး ကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ လက်အောက်ခံဖြစ်တဲ့ ဖယ်ခုံတပ်ရင်း(၂) P3 – 1006 တပ်ရင်း ဖွဲ့စည်းပြီး (၃) နှစ်အတွင်းမှာ ရဲဘော် ၃၁ ဦးကျဆုံးမှုရှိခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁) အဖွဲ့ဆီကနေ သိရပါတယ်။

အဆိုပါ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကာ ဒီကနေ့မှာ ၃နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ တပ်ရင်း ဖွဲ့စည်းခြင်း ၃နှစ်ပြည့် အခမ်းအနားကိုလည်း မြေပြင်တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁) ရဲ့တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီရက်အခမ်းအနားမှာတော့ အဓိကလုပ်ဆောင်သွားတာက ကျဆုံးသွားတဲ့ရဲဘော်တွေကို စစ်ကြောင်းချီပြီး အလေးနီပြုတာရယ်၊ ကျဆုံးသွားတဲ့ ရဲဘော်မိသားစုတွေကိုလည်း ဂုဏ်ပြုတာလုပ်ခဲ့တယ်။” လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁) ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ အခမ်းအနားမှာ ရှမ်း-ကရင်နီ စစ်တိုင်း‌ဒေသ၊ စစ်တိုင်းကွပ်ကဲ‌ရေးမှူး ကိုဂျေခမ်း ၊ ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁) ဗျူဟာ မှ ဗျူဟာမှူး ကိုနေကောင်း ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFနဲ့ မဟာမိတ်တပ်ပေါင်းစုတို့မှ ဂုဏ်ပြုပွဲအခမ်းအနားကို တက်‌ရောက် အားပေးခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသ ဗျူဟာ(၁)က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဖယ်ခုံတပ်ရင်း(၂) P3- 1006 တပ်ရင်းလှုပ်ရှားနယ်မြေအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ရေးအခြေအနေ ငြိမ်နေတယ်လို့ စစ်ဒေသ ဗျူဟာ(၁) ရဲ့တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts